ဒေါ်လာ လေးသိန်းခွဲလောက် အကုန်ခံပြီး အာကာသ သွားစရာ မလိုတော့ပါဘူး၊ ဒူဘိုင်းက လပုံစံ Moon World Resort ရှိပါပြီ

အခုချိန်မှာ အာကာသထဲကို သွားရောက်လည်ပတ်ဖို့ဆို Virgin Galactic ရဲ့မိနစ် ၉၀ စာခရီးအတွက် ဒေါ်လာ ၄ သိန်းခွဲလောက် ကုန်ကျမှာဖြစ်ပါတယ်။ လူအများစုအတွက်အဆင်မပြေပါဘူး။ ဒါကြောင့်ကနေဒါအခြေစိုက် Moon World Resort Inc ကလကမ္ဘာကိုအမှန်တကယ်သွားရောက်သလို ခံစားနိုင်စေမယ့် အပန်းဖြေစခန်းတစ်ခုကို ဒေါ်လာ ၅ ဘီလီယံ အကုန်ကျခံပြီး ဒူဘိုင်းမှာဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

Moon World Resort လို့နာမည်ပေးထားတဲ့ ဒီအပန်းဖြေစခန်းမှာ ဟိုတယ်များ၊ Shopping center, Night Club, Casino များလည်းပါဝင်မှာဖြစ်ပါတယ်။

ဒီအဆောက်အအုံမှာ အဓိကအပိုင်းနှစ်ပိုင်းမှာဝင်ပါတယ်။ အောက်ခြေကစက်ဝိုင်းပုံအဆောက်အဦထဲမှာ Hotel lobby, Convention center နှင့် Spa တွေပါဝင်မှာဖြစ်ပြီး သူ့အပေါ်မှာ ပေ ၉၀၀ (၂၇၄ မီတာ) ရှိတဲ့လပုံစံ ဧရာမစက်လုံးကြီးပါရှိပါမယ်။ ဒီလကြီးထဲမှာ အထပ် ၂၀ ရှိတဲ့ဟိုတယ်ရှိပါမယ်။

ဆောက်လုပ်ပြီးသွားရင် Las Vegas က MSG Sphere ကို ကျော်ပြီး ကမ္ဘာ့အကြီးဆုံးစက်လုံးကြီးဖြစ်လာပါမယ်။ လရဲ့မျက်နှာပြင်ကို Carbon fiber composite တွေနဲ့ပြုလုပ်ထားပြီး Resort ကိုစွမ်းအင်ပေးနိုင်စေမယ့် Sola panel တွေလည်းထည့်သွင်းတည်ဆောက်သွားမှာဖြစ်ပါတယ်။

ဟိုတယ်အခန်းပေါင်း ၄၀၀၀ ပါဝင်ပြီး အမြဲတမ်းနေထိုင်လိုသူများအတွက်လည်း Resident အခန်းပေါင်း ၃၀၀ ကနေ ၅၀၀ ကိုဝယ်ယူနိုင်ပါမယ်။ ဒီအခန်းတွေအားလုံးမှာ ပြင်ကကမ္ဘာကိုမြင်တွေ့နိုင်တဲ့ ပြတင်းပေါက်အစစ်တွေပါဝင်မှာမဟုတ်ဘဲ မြင်ချင်တဲ့ဟာကိုစိတ်ကြိုက်ပြောင်းလဲနိုင်မယ့် Electronic window တွေသာပါဝင်မှာဖြစ်ပါတယ်။ ဟိုတယ်ရဲ့ Rooftop မှာရှိတဲ့ Lunar Colony ကလကမ္ဘာပေါ်မှာ အမှန်တကယ်လမ်းလျှောက်ရသလို ခံစားနိုင်စေဖို့ ဖန်တီးထားတယ်လို့ဆိုပါတယ်။

လန်ဒန်မှာ Las Vegas မှာနဲ့ပုံစံတူ MSG Sphere ကြီးကိုဆောက်လုပ်သွားဖို့ စီစဉ်ခဲ့ကြပေမယ့် သူ့ဆီကထွက်တဲ့အလင်းရောင်တွေက ပတ်ဝန်းကျင်ကိုအနှောက်အယှက်ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ကန့်ကွက်မှုကြောင့် အပြီးတိုင်ဖျက်သိမ်းသွားပါပြီ။ ဒီလကြီးကတော့ အလင်းရောင်လည်း မထွက်တာကြောင့် ပတ်ဝန်းကျင်ကိုလည်း အနှောက်အယှက်မဖြစ်စေပါဘူး။

Moon World Resort ကို ၂၀၀၀ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာကြောင့် အခြားသော အာကာသလေ့လာရေးတွေဖြစ်တဲ့ ဂျက်ဘေးဇော့ရဲ့ Blue Origin (2000), အီလွန်မက်ရဲ့ SpaceX (2002), လက်ရှိအာကာလကို ပို့ဆောင်ပေးနေတဲ့ Virgin Galactic (2004) တွေနဲ့ရှေ့ဆင့်နောက်ဆင့် တည်ထောင်ခဲ့ပါတယ်။

ကျန်တဲ့ကုမ္ပဏီကြီး ၃ ခုက သန်းကြွယ်သူဌေးတွေသာတတ်နိုင်တဲ့ အာကာသကိုအမှန်တကယ်သွားရောက်နိုင်ဖို့ ကြိုးစားနေကြချိန်မှာ Moon World Resort ကတော့ ကုန်ကျစရိတ်သက်သာစွာနဲ့ ကမ္ဘာပေါ်မှာပဲ လကမ္ဘာကိုသွားနိုင်သလိုခံစားနိုင်စေဖို့ ဖန်တီးနေပါတယ်။

Moon World Resort တွေကိုအ‌ရှေ့အလယ်ပိုင်း၊ မြောက်အမေရိက၊ ဥရောပနှင့် အာရှတွေမှာ စုစုပေါင်း ၄ ခုဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ပထမဆုံးဒူဘိုင်းမှာတော့ ၂၀၂၇ ခုနှစ်မှာဖွင့်လှစ်သွားမယ်လို့မျှော်မှန်းထားပါတယ်။