ယူနိုက်တက်ရဲ့ နွေအပြောင်းအရွှေ့ကနေ အသင်းပရိသတ်တွေ ဘာကို မျှော်လင့်နိုင်မလဲအပေါ် ဖြေရှင်းမှု

ယူနိုက်တက် အမှူဆောင်ချုပ် ဝုဒ်ဝတ်က ကလပ်ဟာ မှန်ကန်တဲ့ ဦးတည်ချက်တွေနဲ့ ရှေ့ဆက်နေပြီး အနာဂတ်မှာလည်း စည်းကမ်းတကျ ခေါ်ယူမှုတွေကိုပဲ ဆက်လုပ်မယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

” မီဒီယာတွေမှာ ကစားသမားပေါင်း ၁၁၁ ဦးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ချိတ်ခဲ့ပေမယ့် ကျနေ်ာတို့က ဘရူနိုဖာနန်ဒက်စ် တစ်ဦးကိုပဲ ရခဲ့တယ်။ ဒါက အကယ်ဒမီကစားသမားတွေကို တိုးတက်စေဖို့ရြ အရေးပါတဲ့ ခြေလှမ်းဖြစ်ပြီး အသင်းကို ကမ္ဘာအဆင့် ကစားသမားနဲ့ အတွေ့အကြုံကောင်းရှိ ကစားသမား အင်အားဖြည့်နိုင်မှုဖြစ်ပါတယ်။

လာမယ့်နွေမှာလည်း တူညီတဲ့ အစီအစဉ်နဲ့ စည်းကမ်းကျတဲ့ ခေါ်ယူမှုကိုပဲ ဆက်လုပ်ပါမယ်။ ” လို့ ဝုဒ်ဝတ်က သတင်းပေးခဲ့တယ်။

အသင်းပရိသတ် အချို့က မန်နေဂျာဆိုးရှားရဲ့ ကိုင်တွယ်မှုကို သံသယတွေ ဝင်နေကြပြီး ဝုဒ်ဝတ် ဦးဆောင်တဲ့ အကြီးတန်း အရာရှိတွေအပေါ် ယုံကြည်မှု မရှိပေမယ့် ကလပ်က မှန်ကန်တဲ့ စတိုင်တွေနဲ့ ရှေ့ဆက်နေတယ်လို့ ဝုဒ်ဝတ်က ဆိုပါတယ်။

ဝုဒ်ဝတ်က ” နိုဝင်ဘာမှာ ယူရိုပါလိဂ်ကို နောက်တစ်ဆင့် အောင်မြင်ပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်ရောက်နိုင်ခဲ့ကတည်းက ချန်ပီယံလိဂ်အတွက် ကျနေ်ာတို့မှာ အရည်အချင်းတွေ ထပ်ထည့်ဖို့ လိုအပ်တယ်ဆိုတာကို နားလည်ခဲ့တယ်။

ဒီရာသီက အသင်းထဲ အပြောင်းအလဲတွေ အများကြီးနဲ့အတူ ပြန်လည်တည်ဆောက်တဲ့ ရာသီတစ်ခုပါပဲ။ အသင်းက ထွက်သွားတဲ့ ကစားသမားတွေ အငှားချသူတွေ၊ အသင်းထံ ခေါ်ယူတဲ့ ကစားသမားသစ်တွေ၊ ပထမအသင်းထံ ခေါ်ယူထားတဲ့ အကယ်ဒမီ ကစားသမားတွေနဲ့ ပက်သက်လို့ပေါ့။

ဒီလုပ်ငန်းစဉ်တွေက အိုလီနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေလက်အောက်မှာ ကျနေ်ာတို့ရဲ့ ဘောလုးအမြင်တွေအတွက် အစီအစဉ်တွေတွေကို ချမှတ်မှုတွေ ဆက်လက် လုပ်ဆောင်ခြင်းဖြစ်တယ်။ အများကြီး ဆက်လက် လုပ်ဆောင်ရဖို့ ရှိနေပြီး မှန်ကန်တဲ့ ဦးတည်ချက်တွေနဲ့ တိုးတက်နေတယ်လို့ ယုံကြည်ချက် ရှိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ အမွဴေဆာင္ခ်ဳပ္ ဝုဒ္ဝတ္က ကလပ္ဟာ မွန္ကန္တဲ့ ဦးတည္ခ်က္ေတြနဲ႔ ေရွ႔ဆက္ေနျပီး အနာဂတ္မွာလည္း စည္းကမ္းတက် ေခၚယူမႈေတြကိုပဲ ဆက္လုပ္မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

” မီဒီယာေတြမွာ ကစားသမားေပါင္း ၁၁၁ ဦးနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြ ခ်ိတ္ခဲ့ေပမယ့္ က်ေန္ာတို႔က ဘရူႏိုဖာနန္ဒက္စ္ တစ္ဦးကိုပဲ ရခဲ့တယ္။ ဒါက အကယ္ဒမီကစားသမားေတြကို တုိးတက္ေစဖို႔ရၾ အေရးပါတဲ့ ေျခလွမ္းျဖစ္ျပီး အသင္းကို ကမၻာအဆင့္ ကစားသမားနဲ႔ အေတြ႔အၾကံဳေကာင္းရွိ ကစားသမား အင္အားျဖည့္ႏုိင္မႈျဖစ္ပါတယ္။

လာမယ့္ေႏြမွာလည္း တူညီတဲ့ အစီအစဥ္နဲ႔ စည္းကမ္းက်တဲ့ ေခၚယူမႈကိုပဲ ဆက္လုပ္ပါမယ္။ ” လို႔ ဝုဒ္ဝတ္က သတင္းေပးခဲ့တယ္။

အသင္းပရိသတ္ အခ်ိဳ႕က မန္ေနဂ်ာဆိုးရွားရဲ႕ ကိုင္တြယ္မႈကို သံသယေတြ ဝင္ေနၾကျပီး ဝုဒ္ဝတ္ ဦးေဆာင္တဲ့ အၾကီးတန္း အရာရွိေတြအေပၚ ယံုၾကည္မႈ မရွိေပမယ့္ ကလပ္က မွန္ကန္တဲ့ စတိုင္ေတြနဲ႔ ေရွ႔ဆက္ေနတယ္လို႔ ဝုဒ္ဝတ္က ဆိုပါတယ္။

ဝုဒ္ဝတ္က ” ႏုိဝင္ဘာမွာ ယူရိုပါလိဂ္ကို ေနာက္တစ္ဆင့္ ေအာင္ျမင္ျပီး အက္ဖ္ေအဖလား ပဥၥမအဆင့္ကို တက္ေရာက္ႏုိင္ခဲ့ကတည္းက ခ်န္ပီယံလိဂ္အတြက္ က်ေန္ာတို႔မွာ အရည္အခ်င္းေတြ ထပ္ထည့္ဖို႔ လိုအပ္တယ္ဆိုတာကို နားလည္ခဲ့တယ္။

ဒီရာသီက အသင္းထဲ အေျပာင္းအလဲေတြ အမ်ားၾကီးနဲ႔အတူ ျပန္လည္တည္ေဆာက္တဲ့ ရာသီတစ္ခုပါပဲ။ အသင္းက ထြက္သြားတဲ့ ကစားသမားေတြ အငွားခ်သူေတြ၊ အသင္းထံ ေခၚယူတဲ့ ကစားသမားသစ္ေတြ၊ ပထမအသင္းထံ ေခၚယူထားတဲ့ အကယ္ဒမီ ကစားသမားေတြနဲ႔ ပက္သက္လို႔ေပါ့။

ဒီလုပ္ငန္းစဥ္ေတြက အိုလီနဲ႔ သူ႔ရဲ႕နည္းျပအဖြဲ႔ဝင္ေတြလက္ေအာက္မွာ က်ေန္ာတုိ႔ရဲ႕ ေဘာလုးအျမင္ေတြအတြက္ အစီအစဥ္ေတြေတြကို ခ်မွတ္မႈေတြ ဆက္လက္ လုပ္ေဆာင္ျခင္းျဖစ္တယ္။ အမ်ားၾကီး ဆက္လက္ လုပ္ေဆာင္ရဖို႔ ရွိေနျပီး မွန္ကန္တဲ့ ဦးတည္ခ်က္ေတြနဲ႔ တိုးတက္ေနတယ္လို႔ ယံုၾကည္ခ်က္ ရွိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။