မန်စီးတီး အပါဝင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာ အာဆင်နယ် ရှောင်ချင်နေတဲ့ ထိပ်သီးအသင်းများ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်သွားတဲ့ အသင်း ၈ သင်း ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ဂန်းနားဟောင်းကြီး အွန်နရီကတော့ ကွာတား အဆင့်မှာ အာဆင်နယ် ရှောင်စေချင်တဲ့ အသင်း နှစ်သင်း ရှိကြောင်း ထုတ်ဖော် သုံးသပ်လာပါတယ်။

ကွာတားဖိုင်နယ် ရောက်သွားတဲ့ ၈ သင်းကတော့ အာဆင်နယ်၊ အေတီကို၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဖြစ်ပါတယ်။

အွန်နရီကတော့ ပြိုင်ပွဲရဲ့ ဒီအဆင့်မှာ လွယ်ကူတဲ့ ပြိုင်ဘက် ဆိုတာ မရှိပေမယ့် အာဆင်နယ်အတွက် အခက်ခဲဆုံး ပြိုင်ဘက် နှစ်သင်း ရှိနေတယ်လို့ ဆိုပါတယ်။

” ဥရောပမှာ ဘယ်အသင်းကိုမှ မလေးမစား လုပ်လို့ မရပါဘူး။ ဒါပေမယ့် အသင်း နှစ်သင်းကတော့ မောက်မာနိုင်တဲ့ အနေအထား ရှိတယ်။ ဒါကတော့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးပဲ။ ဒါပဲ။ အဲဒီ နှစ်သင်းကလွဲလို့ ကျန်တဲ့ အသင်းတွေ ဘယ်သူလာလာ ယှဉ်ပြိုင် ကစားနိုင်တယ်။

ကစားသမား တစ်ယောက်လည်း ဖြစ်ဖူးတော့ လူတွေက ဒီအသင်းက လွယ်လွယ် နိုင်ပါတယ်၊ ဖလား ရပါတယ် လို့ တွေးကြတဲ့ အခြေအနေတွေ ရှိတယ်။ တကယ်တော့ မဟုတ်ဘူး။ ဘယ်သူမှတော့ လွယ်ကူ မနေဘူး။

ချန်ပီယံတွေကတော့ သက်သက် တစ်ဆင့် ရှိတယ်။ မန်စီးတီး၊ နောက် ရီးရဲလ်မက်ဒရစ်ပေါ့။ ရီးရဲလ် ဆို သူတို့ ဖလား ၁၄ လုံးတောင် ရှိတယ်ဗျာ။ ဒီတော့ ဘာတွေ ဖြစ်လာဦးမလဲ ကြည့်ရတာပေါ့။ ” လို့ သုံးသပ် ပြောဆိုသွားပါတယ်။

မန်စီးတီးက လက်ရှိ ဥရောပ ချန်ပီယံ ဖြစ်သလို ရီးရဲလ်မက်ဒရစ်ကလည်း ချန်ပီယံလိဂ် ၁၄ ကြိမ်ထိ ဗိုလ်စွဲထားတဲ့ အသင်း ဖြစ်တာကြောင့် ဥရောပ ဖလား မရဖူးသေးတဲ့ ဂန်းနားတို့ အတွေ့အကြုံ သမ္ဘာချင်း မယှဉ်လိုဘူး ဖြစ်နေပါတယ်။