ဒိတ်ဒိတ်ကြဲ ပြိုင်ဘက်ကို စီးတီး စောစောတွေ့ရပြီ ဖြစ်တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲရလဒ်များ ထွက်ပေါ်

လက်ရှိ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် မဲခွဲပွဲကို ဒီညနေမှာ ပြုလုပ်သွားခဲ့ပြီ ဖြစ်ရာ မန်စီးတီး အသင်းကတော့ အခက်ခဲဆုံး ပြိုင်ဘက် တစ်သင်း ဖြစ်မယ့် ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့ပြီ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ် မဲခွဲရလဒ်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
အာဆင်နယ် vs ဘိုင်ယန်မြူးနစ်
အက်သလက်တီကို vs ဒေါ့မွန်
ရီးရဲလ်မက်ဒရစ် vs မန်စီးတီး
ပီအက်စ်ဂျီ vs ဘာစီလိုနာ
ကွာတားဖိုင်နယ် အဆင့်ရဲ့ ပထမအကျော့ ပွဲစဉ်တွေကို ဧပရယ်လ ၉- ၁၀ ရက်၊ ဒုတိယအကျော့ ပွဲစဉ်တွေကို ဧပရယ်လ ၁၆-၁၇ ရက်မှာ ယှဉ်ပြိုင်ရပါမယ်။
ဒီအဆင့်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ဖလား ၁၄ လုံး ပိုင်ရှင် ရီးရဲလ်မက်ဒရစ် တို့ ထိပ်တိုက်တွေ့မှု ပဲ ဖြစ်ပါတယ်။
မန်စီးတီးဟာ ရီးရဲလ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် ဆီမီးဖိုင်နယ် အဆင့်မှာ အာဆင်နယ် vs ဘိုင်ယန်မြူးနစ် အတွဲက တက်လာမယ့် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
အက်သလက်တီကို vs ဒေါ့မွန်အတွဲက အနိုင်ရမယ့် အသင်းကတော့ တဖက်မှာ ပီအက်စ်ဂျီ vs ဘာစီလိုနာအတွဲက တက်လာတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။
ချန်ပီယံလိဂ် ဖိုင်နယ်ကိုတော့ ဇွန်လ ၁ ရက်နေ့ အင်္ဂလန်၊ လန်ဒန်မြို့က ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။