ယူနိုက်တက်ကို အံ့အားသင့်ဖို့ကောင်းအောင်း မုန်းတီးလှတဲ့ ယူနိုက်တက်အသင်းသားဟောင်း
ပီအက်ဂျီအသင်းဖော် Marcin Bulka ရဲ့ ထုတ်ပြောမှုအရ တိုက်စစ်သမား ဒီမာရီယာဟာ ယူနိုက်တက်ကို အတော်လေး မုန်းတီးပြီး တီဗီမှာ ယူနိုက်တက်ပွဲလာရင်တောင် မကြည့်နိုင်ပဲ ထထွက်သွားတတ်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။
အသက် ၃၂ နှစ်အရွယ် တိုက်စစ်သမားဟာ ၂၀၁၄ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကနေ အိုထရတ်ဖိုဒ့်ထံ ပေါင် ၅၉.၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်ပွဲ ၂၇ ပွဲအတွင်း သွင်းဂိုး ၃ ဂိုးပဲ သွင်းယူနိုင်ခဲ့သူဖြစ်တယ်။ သူဟာ မန်နေဂျာဟောင်း ဗန်ဟားလက်ထက်မှာ နေရာပျောက်ခဲ့ရပြီး အရန်ခုံမှာ ထိုင်ခဲ့ရာကာ သူ့နေရာမှာ ယန်းက ပွဲထွက်ခွင့်တွေ ရခဲ့သေးတာဖြစ်တယ်။
ယူနိုက်တက်ထံ ရောက်ရှိပြီး တစ်ရာသီအကြာ ၂၀၁၅ မှာတော့ သူ့ကို ရောင်းထုတ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ကလပ်ဘက်က ပီအက်ဂျီကို ပေါင် ၄၄ သန်းနဲ့ ရောင်းထုတ်ခဲ့ရတာဖြစ်တယ်။ နောက်ပိုင်း သတင်းတွေအရ ဒီမာရီယာဟာ ယူနိုက်တက်ကို သဘောကျလို့ ပြောင်းလာတာ မဟုတ်ပဲ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာရချိန်မှာ သူ့ကို ကမ်းလှမ်းတဲ့ အသင်းက ယူနိုက်တက်ပဲ ရှိတာကြောင့် ပြောင်းလာတာလို့ သိရတယ်။
ယူနိုက်တက်ပရိသတ်တွေနဲ့ ဒီမာရီယာကြားမှာလည်း သိပ်ကောင်းတဲ့ ဆက်ဆံရေးတွေ မရှိပါဘူး။ မန်ချက်စတာကနေ ထွက်ခွာပြီးတဲ့နောက်မှာ ဒီထွက်ခွာမှုက ဘယ်လောက်တောင် စိတ်သက်သာရာ ရစေသလဲဆိုတာကို အာဂျင်တီးနား တိုက်စစ်သမားက ထုတ်ဖော် ပြောဆိုတတ်တာပါ။
မနှစ်တုန်းက ချန်ပီယံလိဂ်မှာတော့ အိုထရတ်ဖိုဒ့်ကို ပြန်လာချိန်မှာ အသင်းပရိသတ်တွေကို ဘီယာပုလင်းနဲ့အတူ သူက တုန့်ပြန်ပြခဲ့တာဖြစ်ပြီး ယန်းရဲ့ တွန်းတိုက်မှုကြောင့် ဒီမာရီယာ ကွင်းဘေးကို လွင့်ထွက်သွားတာကိုလည်း ပရိသတ်တွေက ကောင်းချီး ပြန်ပေးခဲ့ကြသေးတာဖြစ်တယ်။
ယူနိုက်တက်သမိုင်းမှာ အဆိုးဝါးဆုံး ကျောနံပါတ် ၇ ဝတ်ဆင်သူဖြစ်ခဲ့တဲ့ ဒီမာရီယာက အသင်းနဲ့ ဆက်ဆံရေး အဆိုးဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
ZAWGYI
ပီအက္ဂ်ီအသင္းေဖာ္ Marcin Bulka ရဲ႕ ထုတ္ေျပာမႈအရ တုိက္စစ္သမား ဒီမာရီယာဟာ ယူႏုိက္တက္ကို အေတာ္ေလး မုန္းတီးျပီး တီဗီမွာ ယူႏုိက္တက္ပြဲလာရင္ေတာင္ မၾကည့္ႏုိင္ပဲ ထထြက္သြားတတ္တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။
အသက္ ၃၂ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ၂၀၁၄ ခုႏွစ္က ရီးရဲလ္မက္ဒရစ္ကေန အိုထရတ္ဖိုဒ့္ထံ ေပါင္ ၅၉.၇ သန္းနဲ႔ ေျပာင္းေရႊ႔လာခဲ့ျပီး ပရီးမီးယားလိဂ္ပြဲ ၂၇ ပြဲအတြင္း သြင္းဂိုး ၃ ဂိုးပဲ သြင္းယူႏုိင္ခဲ့သူျဖစ္တယ္။ သူဟာ မန္ေနဂ်ာေဟာင္း ဗန္ဟားလက္ထက္မွာ ေနရာေပ်ာက္ခဲ့ရျပီး အရန္ခံုမွာ ထိုင္ခဲ့ရာကာ သူ႔ေနရာမွာ ယန္းက ပြဲထြက္ခြင့္ေတြ ရခဲ့ေသးတာျဖစ္တယ္။
ယူႏုိက္တက္ထံ ေရာက္ရွိျပီး တစ္ရာသီအၾကာ ၂၀၁၅ မွာေတာ့ သူ႔ကို ေရာင္းထုတ္ေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ ကလပ္ဘက္က ပီအက္ဂ်ီကို ေပါင္ ၄၄ သန္းနဲ႔ ေရာင္းထုတ္ခဲ့ရတာျဖစ္တယ္။ ေနာက္ပိုင္း သတင္းေတြအရ ဒီမာရီယာဟာ ယူႏုိက္တက္ကို သေဘာက်လို႔ ေျပာင္းလာတာ မဟုတ္ပဲ ရီးရဲလ္မက္ဒရစ္ကေန ထြက္ခြာရခ်ိန္မွာ သူ႔ကို ကမ္းလွမ္းတဲ့ အသင္းက ယူႏုိက္တက္ပဲ ရွိတာေၾကာင့္ ေျပာင္းလာတာလို႔ သိရတယ္။
ယူႏုိက္တက္ပရိသတ္ေတြနဲ႔ ဒီမာရီယာၾကားမွာလည္း သိပ္ေကာင္းတဲ့ ဆက္ဆံေရးေတြ မရွိပါဘူး။ မန္ခ်က္စတာကေန ထြက္ခြာျပီးတဲ့ေနာက္မွာ ဒီထြက္ခြာမႈက ဘယ္ေလာက္ေတာင္ စိတ္သက္သာရာ ရေစသလဲဆိုတာကို အာဂ်င္တီးနား တိုက္စစ္သမားက ထုတ္ေဖာ္ ေျပာဆိုတတ္တာပါ။
မႏွစ္တုန္းက ခ်န္ပီယံလိဂ္မွာေတာ့ အိုထရတ္ဖိုဒ့္ကို ျပန္လာခ်ိန္မွာ အသင္းပရိသတ္ေတြကို ဘီယာပုလင္းနဲ႔အတူ သူက တုန္႔ျပန္ျပခဲ့တာျဖစ္ျပီး ယန္းရဲ႔ တြန္းတိုက္မႈေၾကာင့္ ဒီမာရီယာ ကြင္းေဘးကို လြင့့္ထြက္သြားတာကိုလည္း ပရိသတ္ေတြက ေကာင္းခ်ီး ျပန္ေပးခဲ့ၾကေသးတာျဖစ္တယ္။
ယူႏုိက္တက္သမုိင္းမွာ အဆိုးဝါးဆံုး ေက်ာနံပါတ္ ၇ ဝတ္ဆင္သူျဖစ္ခဲ့တဲ့ ဒီမာရီယာက အသင္းနဲ႔ ဆက္ဆံေရး အဆိုးဆံုး ကစားသမားအျဖစ္လည္း မွတ္တမ္းတင္ရမွာ ျဖစ္ပါတယ္။