ဒီည မန်စီးတီးနဲ့ နယူးကာဆယ် တို့ရဲ့ အက်ဖ်အေ ကွာတား ပွဲစဉ် အတွက် ဆရာကြီး ပေါမာဆန် ကြိုတင် ခန့်မှန်းသွားတဲ့ ရလဒ်

ဒီတပတ်မှာတော့ မန်စီးတီးက ပရီးမီးယားလိဂ် မဟုတ်ဘဲ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ် ကစားဖို့ ရှိနေပြီး စီးတီးက နယူးကာဆယ် အသင်းနဲ့ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

ပွဲကတော့ ဒီ စနေနေ့ည ၁၂ နာရီ တိတိ အချိန်၊ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ စီးတီးနဲ့ နယူးကာဆယ်ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ကျွန်တော်တော့ ဒီပွဲ မန်ချက်စတာ စီးတီး အနိုင်ကလွဲပြီး တခြား မမြင်ပါဘူး။ လောလောဆယ် နယူးကာဆယ်မှာက တစ်ခုခု လစ်ဟာနေသလိုပါပဲ။ ဒါပေမယ့် ဘာကြောင့်လဲ ဆိုတာတော့ ကျွန်တော် မပြောတတ်ဘူး ဖြစ်နေတယ်။

ရုတ်ချည်း ဆိုသလို နယူးကာဆယ် က အကုန် ဖွင့် ကစားနေတော့တာပဲ။ သိပ်မကြာခင်တုန်းကတောင် သူတို့ ကစားတာက ကြည့်လို့ကောင်းပြီး ခံစစ်မှာ ကျစ်လစ်ပါတယ်။ ချယ်ဆီးနဲ့ ပွဲမှာတုန်းက ဆို သူတို့ ပေးလိုက်ရတဲ့ ဂိုးတွေက ညံ့လွန်းတယ်။

ကျွန်တော် အက်ဒီဟောင်းကို သဘောကျပါတယ်။ သူတို့ ဒီရာသီ ဒဏ်ရာတွေနဲ့ နည်းနည်း ကံမကောင်း ဖြစ်နေတယ်။ ဒါပေမယ့် တခြားအသင်းတွေမှာလည်း ဒီလို ကိစ္စတွေက ရှိတာပဲ။ သူတို့ ဆင်ခြေပေးနေလို့တော့ မရဘူးလေ။

နယူးကာဆယ်က လက်တလောမှာ FFP အကန့်အသတ်တွေကြောင့် ငွေကို ရေလိုလည်း ထုတ်မသုံးနိုင်ဘူး။ သူတို့ အက်ဒီဟောင်း ပရောဂျက် အတွက် ဘယ်လို လုပ်ပေးနိုင်မလဲ သံသယ ဖြစ်စရာပါ။ သူတို့အတွက် ကျွန်တော် စိတ် မကောင်းပါဘူး။ သူတို့ ဆုဖလား တစ်လုံးတောင် မရတာ ဘယ်လောက် ကြာနေပြီလဲ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ စီးတီး ၃-ဝ နယူးကာဆယ် ဖြစ်ပါတယ်။