ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ခြင်းအပေါ် အန်စလော့တီရဲ့ မှတ်ချက်

ဆုဖလားရယူချင်ရင် အကောင်းဆုံးအသင်းကိုလည်း အနိုင်ယူရမယ်လို့ ရီးရဲလ်မက်ဒရစ် နည်းပြ အန် စလော့တီက ပြောသွားပါတယ်။

ရီးရဲလ်မက်ဒစ်အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ လက်ရှိ ချန်ပီယံမန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံနေတာပါ။

မန်စီးတီးအသင်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်းလို့ ပြောနိုင်ပေမဲ့လည်း နှစ်သင်းစလုံးအတွက် အလွန်ခက်ခဲမယ့် ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ ဆိုရင် အကောင်းဆုံးအသင်းကို အနိုင်ရယူနိုင်ရမှာဖြစ်တယ်လို့ အန်စလော့တီက ပြောပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ဘုရင်ဖြစ်သလို အကောင်း ဆုံးအသင်းလည်း ဖြစ်ကြောင်း၊ မက်ဒရစ်နဲ့ ပွဲမတိုင်ခင် အကောင်းဆုံး ခြေစွမ်းရရှိနေဖို့လိုအပ်ကြောင်း ပြောသွားပါတယ်။

မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ နောက်ဆုံး ချန်ပီယံလိဂ်နှစ်ကြိမ် ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့ကြပြီး တကြိမ်စီ နိုင်ပွဲရရှိခဲ့ကြပါတယ်။