ဒီည အီတီဟက်မှာ ကန်မယ့် မန်စီးတီး – နယူးကာဆယ်ပွဲ ဘယ်လို အဖြေထွက်မလဲ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ စီးတီးက အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် နယူးကာဆယ် အသင်းနဲ့ ဒီညမှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

ပွဲကတော့ ဒီ စနေနေ့ည ၁၂ နာရီ တိတိ အချိန်၊ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် ကတော့ စီးတီးနဲ့ နယူးကာဆယ်ပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ပြီးခဲ့တဲ့အပတ် အန်ဖီးမှာ ယှဉ်ပြိုင်ကစားတဲ့ ဒုတိယပိုင်းအတွင်း လီဗာပူးက မန်စီးတီးကို အသာစီးယူ ကစားခဲ့ပေမယ့် ဒီအပတ် အီတီဟတ်မှာ နယူးကာဆယ်က လီဗာပူးလို လုပ်ပြနိုင်မယ် မထင်ပါဘူး။

ပက်ဂွာဒီယိုလာက အက်ဖ်အေဖလားကို တောင့်တင်းစွာ ယှဉ်ပြိုင်လေ့ ရှိသလို ဒီဘရိုင်း ဒဏ်ရာရနေတာကတောင် စီးတီးကို ရပ်တန့်နိုင်ဖို့ ခက်ခဲပါတယ်။ လူတန်ကို ရင်ဆိုင်တုန်းက ၅ ဂိုး သွင်းခဲ့တဲ့ ဟာလန်း ဂိုးပြန်သွင်းနိုင်မယ် ကျနော် မျှော်လင့်ထားပါတယ်။

စီးတီးဟာ ဒီရာသီ အက်ဖ်အေဖလားကိုလည်း အနိုင်ရဖို့ ရည်မှန်းနေမှာပါ။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

မန်ချက်စတာ စီးတီး ၃-၁ နယူးကာဆယ်။