ချန်ပီယံလိဂ်မှာ အာဆင်နယ်၊ မန်စီးတီးပွဲတွေကို တစ်ချိန်တည်း ဖြစ်အောင်လုပ်တဲ့ ယူအီးအက်ဖ်အေကြောင့် အင်္ဂလန် ပရိသတ်တွေ ရှယ်တင်းနေ

အာဆင်နယ်၊ မန်စီးတီးပွဲတွေကို တစ်ချိန်တည်း ဖြစ်အောင်လုပ်တဲ့ ယူအီးအက်ဖ်အေရဲ့ ပွဲအစီအစဉ်ကြောင့် အင်္ဂလန်ပရိသတ်တွေ ဒေါသထွက်နေကြ

အာဆင်နယ်နဲ့ မန်စီးတီးတို့ ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေဟာ တစ်ချိန်တည်းဖြစ်နေတဲ့အတွက် အင်္ဂလန်ဘောလုံးပရိသတ်တွေ ဒေါသ ထွက်ပြီး ပေါက်ကွဲကုန်ကြပါပြီ။

မဲခွဲပြီးစီးခဲ့ပြီဖြစ်တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် မှာ လက်ရှိချန်ပီယံ မန်စီးတီးဟာ စပိန်ထိပ်သီး ရီးရဲလ်နဲ့ တွေ့ဆုံပြီး အာဆင်နယ်ကတော့ ဂျာမန်ဟဲဗီးဝိတ် ဘိုင်ယန်မြူးနစ်နဲ့ တွေ့တာပါ။

အာဆင်နယ်က ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်ကို ၁၄ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်ရောက်လာတဲ့ အသင်းဖြစ်တာကြောင့် သူတို့ရဲ့ အလားအလာကို ဂန်းနားပရိသတ်တွေသာ မကဘဲ အင်္ဂလန်တစ်ဝန်းလုံးမှာရှိနေ တဲ့ ဘောလုံးပရိသတ်တွေကလည်း စောင့်ကြည့်ဖို့ အားခဲထားကြပါတယ်။

ဒါပေမဲ့လည်း အခုမဲခွဲမှု အချိန်ဇယားအရ မန်စီးတီးရော အာဆင်နယ်ပါ ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်ကို တစ်ချိန်တည်း ကစားရမှာဖြစ်တဲ့အတွက် ပရိသတ်တွေဟာ အဲဒီနှစ်ပွဲထဲက တစ် ပွဲကိုပဲ ကွင်းထဲအရောက် သွားကြည့်ခွင့် ရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပထမ အကျော့ကို အိမ်ကွင်းအီးမရိတ်စ်မှာ ကစားရမှာဖြစ်ပြီး ဧပြီလ ၉ ရက်နေ့ ဒေသစံတော်ချိန် ည ၈ နာရီမှာ ကစားရမှာပါ။

အလားတူ မန်စီးတီးကလည်း ရီးရဲလ်နဲ့ပွဲကို အဲဒီအချိန်အ တိုင်းပဲ ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိချန်ပီယံကတော့ စပိန်ကိုသွားပြီး အဝေး ကွင်း ကစားရမှာပါ။ အခုလိုမျိုး အချိန်ကို သတ်မှတ်လိုက်တဲ့အတွက် ယူအီးအက်ဖ်အေ အပေါ် အင်္ဂလန် ဘောလုံးပရိသတ်တွေ ပေါက်ကွဲကြတာပါ။

” ဘယ်ကောင်က ဒီပွဲစဉ်ဇယား တွေကို ရေးဆွဲထုတ်ပြန်နေတာလဲကွာ” လို့ ပရိသတ် တစ်ယောက်က လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။

ဒုတိယ တစ်ယောက်က “ငါကြည့်ပြီးသွားပြီ။ မန်စီးတီးရော အာဆင်နယ်ပါ ကစားရမယ့် ပထမအကျော့ပွဲတွေက တစ်ချိန်တည်းပဲ ” လို့ ရေးခဲ့ပါတယ်။

တတိယ တစ် ယောက်လည်း “ယူအီးအက်ဖ်အေက တော်တော် နုံတာပဲကွာ။ ဘာလို့ မန်စီးတီးနဲ့ အာ ဆင်နယ် ပွဲတွေကို တစ်ချိန်တည်းမှာ ကစားခိုင်းရတာလဲ”လို့ ရေးခဲ့ပါတယ်။

နောက်ထပ် တစ်ယောက်ကတော့ ” ဒါဆိုရင် ငါက အာဆင်နယ်ပွဲတောင် မကြည့်ရတော့ဘူးပေါ့။ မန်စီးတီးပွဲနဲ့က တစ်ချိန်တည်း ဖြစ်နေတာလေ” လု့ိ ရေးခဲ့ပါတယ်။

နောက်တစ်ယောက် ကလည်း “ယူအီးအက်ဖ်အေဟာ အချိန်တွေကိုတော့ ပြောင်းပေးဖို့ လိုနေပြီ” လို့ ရေးခဲ့ ပါတယ်။

နောက်ထပ် တစ်ယောက်ကလည်း “ဘယ်လို ဉာဏ်ကြီးရှင်မျိုးက ဒီလို ပွဲစဉ် အချိန်ဇယားတွေကို စီစဉ်ပေးနေတာလဲကွာ”လို့ ရေးခဲ့ပါတယ်။