ဝါနာ၊ ဒမ်ဘီလီ၊ ကာဗာနီတို့အပြင် နွေအစီအစဉ်၊ စာချုပ်သစ်ကိစ္စနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ
နွေအပြောင်းအရွှေ့မှာ ယူနိုက်တက်က ချဉ်းကပ်နိုင်ဖွယ် အရှိဆုံး တိုက်စစ်သမားတွေထဲမှာတော့ ဒမ်ဘီလီ။ ဝါနာ၊ ကာဗာနီတို့က ရေပန်းအစားဆုံးတွေအဖြစ် ယူဆခံလာရပါတယ်။
ယူနိုက်တက်က ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ အခွင့်အရေး ရှိမယ်လို့ သတင်းတွေ ထွက်နေတယ်။ ကိန်းဟာ ခြံပေါက်အသင်းမှာ အဓိက တိုက်စစ်သမားအဖြစ် ကစားနေရပေမယ့် ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းထံ ပြောင်းရွှေ့လိုနေဆဲ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ပြိုင်ဘက် ကလပ်ဘရုဂျ်အသင်းဟာ ပထမအကျော့က ဂိုးသွင်းထားတဲ့ ဒန်းနစ်နဲ့ အသင်းခေါင်းဆောင်တို့ မပါပဲ မန်ချက်စတာကို ရောက်လာရမယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ကလပ်အသင်း လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ အီသန် လွိုက်နဲ့ ပေါလ် ဝုလ်စတန်တို့ကို ကာလရှည် စာချုပ်နဲ့ တစ်နှစ် သက်တမ်းတိုးစာချုပ်တွေ ပေးခဲ့ပါပြီ။
ပီအက်ဂျီတိုက်စစ်သမား ဒီမာရီယာဟာ ယူနိုက်တက်ကို မုန်းတီးသူဖြစ်ပြီး တီဗီမှာ မန်ချက်စတာယူနိုက်တက်ပွဲတွေ လာရင် ထထွက်သွားလေ့ရှိတယ်လို့ ပီအက်ဂျီအသင်းဖော် ဂိုးသမားက ဖွင့်ဟလိုက်ပါတယ်။
လာမယ့်နွေမှာ ယူနိုက်တက်က ကစားသမားကောင်းတွေ ခေါ်ယူမှာဖြစ်ပေမယ့် များပြားတဲ့ ပြောင်းရွှေ့မှုတွေအစား အသင်း လိုအပ်တဲ့ ကစားသမားတွေကိုပဲ စည်းစနစ်ကျကျ ခေါ်ယူမှုတွေ ပြုလုပ်မယ်လို့ ဝုဒ်ဝတ်က အသိပေးလာပါတယ်။
လီဗာပူးတိုက်စစ်သမား မီနာမီနိုဟာ သူ့ကို ကမ်းလှမ်းခံရမှုတွေ ရှိခဲ့ပေမယ့် ယူနိုက်တက်ကစားသမားဟောင်း ကာဂါဝါရဲ့ အကြံပေးချက်အရ ကလော့ပ်လက်အောက်ကို ပြောင်းရွှေ့ခဲ့တာလို့ ဖွင့်ဟလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဇန်နဝါရီတုန်းက ဟာလန်နည်းတူ မီနာမီနိုကိုလည်း ချိတ်ဆက် ကြိုးစားခဲ့သေးတာပါ။
ယူနိုက်တက်ဟာ ဒီနှစ်ရာသီမှာ ဂျန့်အသင်းအတွက် ၂၂ ဂိုးအထိသွင်းယူပေးထားတဲ့ ကနေဒါတိုက်စစ် မှူးဂျွန်နသန် ဒေးဗစ်ကို ခေါ်ယူဖို့အတွက် စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီ လာလီဂါမှာ အတော်လေး တောက်ပနေပြီး ရီးရဲလ်မက်ဒရစ်ကနေ ဆိုစီဒက်ကို အငှားထွက်ကစားနေတဲ့ နော်ဝေသား ကွင်းလယ်လူ မာတင် အိုဒီဂတ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ကင်းထောက်မှုတာဝန်ခံ Marcel Bout ကို စပိန်ထံ စေလွှတ်ခဲ့ပါတယ်။
ZAWGYI
ေႏြအေျပာင္းအေရႊ႔မွာ ယူႏုိက္တက္က ခ်ဥ္းကပ္ႏုိင္ဖြယ္ အရွိဆံုး တိုက္စစ္သမားေတြထဲမွာေတာ့ ဒမ္ဘီလီ။ ဝါနာ၊ ကာဗာနီတို႔က ေရပန္းအစားဆံုးေတြအျဖစ္ ယူဆခံလာရပါတယ္။
ယူႏုိက္တက္က ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ပိုင္ပိုင္ႏုိင္ႏိုင္ ဆုပ္ကိုင္ထားႏုိင္မယ္ဆိုရင္ စပါးအသင္း တိုက္စစ္မွဴး ဟယ္ရီကိန္းကို ေခၚယူဖို႔ အခြင့္အေရး ရွိမယ္လို႔ သတင္းေတြ ထြက္ေနတယ္။ ကိန္းဟာ ျခံေပါက္အသင္းမွာ အဓိက တိုက္စစ္သမားအျဖစ္ ကစားေနရေပမယ့္ ဆုဖလားေတြကို စိန္ေခၚႏုိင္တဲ့ အသင္းတစ္သင္းထံ ေျပာင္းေရႊ႔လိုေနဆဲ ျဖစ္ပါတယ္။
ယူရိုပါလိဂ္ျပိဳင္ဘက္ ကလပ္ဘရုဂ်္အသင္းဟာ ပထမအေက်ာ့က ဂိုးသြင္းထားတဲ့ ဒန္းနစ္နဲ႔ အသင္းေခါင္းေဆာင္တုိ႔ မပါပဲ မန္ခ်က္စတာကို ေရာက္လာရမယ္လို႔ သိရပါတယ္။
ယူႏုိက္တက္ဟာ ကလပ္အသင္း လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ အီသန္ လိြဳက္နဲ႔ ေပါလ္ ဝုလ္စတန္တို႔ကို ကာလရွည္ စာခ်ဳပ္နဲ႔ တစ္ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ေတြ ေပးခဲ့ပါျပီ။
ပီအက္ဂ်ီတိုက္စစ္သမား ဒီမာရီယာဟာ ယူႏုိက္တက္ကို မုန္းတီးသူျဖစ္ျပီး တီဗီမွာ မန္ခ်က္စတာယူႏုိက္တက္ပြဲေတြ လာရင္ ထထြက္သြားေလ့ရွိတယ္လို႔ ပီအက္ဂ်ီအသင္းေဖာ္ ဂိုးသမားက ဖြင့္ဟလိုက္ပါတယ္။
လာမယ့္ေႏြမွာ ယူႏုိက္တက္က ကစားသမားေကာင္းေတြ ေခၚယူမွာျဖစ္ေပမယ့္ မ်ားျပားတဲ့ ေျပာင္းေရႊ႔မႈေတြအစား အသင္း လိုအပ္တဲ့ ကစားသမားေတြကိုပဲ စည္းစနစ္က်က် ေခၚယူမႈေတြ ျပဳလုပ္မယ္လို႔ ဝုဒ္ဝတ္က အသိေပးလာပါတယ္။
လီဗာပူးတိုက္စစ္သမား မီနာမီႏိုဟာ သူ႔ကို ကမ္းလွမ္းခံရမႈေတြ ရွိခဲ့ေပမယ့္ ယူႏုိက္တက္ကစားသမားေဟာင္း ကာဂါဝါရဲ႕ အၾကံေပးခ်က္အရ ကေလာ့ပ္လက္ေအာက္ကို ေျပာင္းေရႊ႔ခဲ့တာလို႔ ဖြင့္ဟလိုက္ပါတယ္။ ယူႏုိက္တက္ဟာ ဇန္နဝါရီတုန္းက ဟာလန္နည္းတူ မီနာမီႏိုကိုလည္း ခ်ိတ္ဆက္ ၾကိဳးစားခဲ့ေသးတာပါ။
ယူႏုိက္တက္ဟာ ဒီႏွစ္ရာသီမွာ ဂ်န႔္အသင္းအတြက္ ၂၂ ဂိုးအထိသြင္းယူေပးထားတဲ့ ကေနဒါတိုက္စစ္ မႉးဂြၽန္နသန္ ေဒးဗစ္ကို ေခၚယူဖို႔အတြက္ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနပါတယ္။
ယူႏုိက္တက္ဟာ ဒီရာသီ လာလီဂါမွာ အေတာ္ေလး ေတာက္ပေနျပီး ရီးရဲလ္မက္ဒရစ္ကေန ဆိုစီဒက္ကို အငွားထြက္ကစားေနတဲ့ ေနာ္ေဝသား ကြင္းလယ္လူ မာတင္ အိုဒီဂတ္ရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္ဖို႔ အသင္းရဲ႕ ကမၻာလံုးဆိုင္ရာ ကင္းေထာက္မႈတာဝန္ခံ Marcel Bout ကို စပိန္ထံ ေစလႊတ္ခဲ့ပါတယ္။