အရေးယူဖို့ တောင်းဆိုခြင်း နေမာ၊ ဆန်ချို၊ ဖော့ဘက် အပြောင်းအရွှေ့၊ ယူရိုပါလိဂ်နဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ
ဒီကနေ့ညမှာတော့ ယူနိုက်တက်ဟာ ဘယ်ဂျီယံကလပ် ကလပ်ဘရုဂျ်ကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ပါမယ်။ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့ကိုတော့ ၁-၁ ရလဒ် ထွက်ပေါ်ထားပါတယ်။
ဖာနန်ဒက်စ်ဟာ အသင်းဖော်တွေနဲ့ ဆက်ဆံရေးကောင်းကို အချိန်တိုအတွင်း တည်ဆောက်နိုင်ဟန်ရှိပြီး လူမှုကွန်ယက်မှာတော့ ဖရက်၊ မာရှယ် အစရှိတဲ့ ကစားသမားတွေနဲ့ စနောက်မှုတွေကို အပြန်အလှန် ပြုလုပ်နေပါတယ်။
ပီအက်ဂျီတိုက်စစ်သမား နေမာက ချန်ပီယံလိဂ်ပြင်ပက အကောင်းဆုံး ကစားသမား ၄ ဦး စာရင်းထဲမှာ ယူနိုက်တက်မှ ပေါ့ဘာကို ထည့်သွင်း ရွေးချယ်သွားပါတယ်။
အင်တာမီလန်ကို အငှားချထားတဲ့ တိုက်စစ်မှူးဆန်းချက်ဟာ လာမယ့် ရာသီမှာ ယူနိုက်တက်ကို ပြန်လာရဖို့က သေချာနေပြီ ဖြစ်ပါတယ်။
ဆန်ချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက် အများအပြားက နောက်ဆုတ်ခဲ့ကြတဲ့နောက် ယူနိုက်တက်က အရေးသာတဲ့ အနေအထားကို ရောက်ရှိခဲ့ပြီလို့ duncan castles က ဖော်ပြပါတယ်။
ကလပ်ဘက်က လိုက်ဇစ်အသင်း ကွင်းလယ်လူ ဖော့စ်ဘက်အတွက် ဈေးကွက်စုံစမ်းရာမှာ ဂျာမနီကလပ်ဘက်က ယူရို ၂၀ သန်းအဖြစ် ဈေးပြန်ထားပါတယ်။
ယူနိုက်တက်ဟာ လာမယ့် နွေမှာ ပေါင် ၄၅ သန်းနဲ့ ရနိုင်မယ့် အက်စတွန်ဗီလာ ကွင်းလယ်လူ ဂရီလစ်အတွက် ပြင်ဆင်မှုကို ခြေလှမ်း တိုးခဲ့ပြီလို့ မန်ချက်စတာအခြေစိုက် သတင်းဌာနက ဖော်ပြပါတယ်။
အီတလီမှာ အားကစားပွဲ အနည်းငယ်ကို ကွင်းပိတ်အနေအထားတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့သလို ဂျပန်မှာတော့ လာမယ့် နှစ်ပတ်အတွင်း အားကစားပွဲတိုင်းကို ဖျက်သိမ်းဖို့ ကျန်းမာရေးဝန်ကြီးက သတင်းထုတ်ပြန်လိုက်ပါပြီ။ လက်တလောထိ ပရီးမီးယားလိဂ်မှာတော့ ကွင်းပိတ်ပွဲတွေ စီစဉ်ဖွယ် မရှိသေးပါဘူး။
မန်စီးတီးကို အရေးယူပေးဖို့ ပရီးမီးယားလိဂ်ကို ထိပ်သီး ပြိုင်ဘက်တွေက ဖိအားပေး တောင်းဆိုမှုတွေ လုပ်လာနေကြောင်း အင်္ဂလန်သတင်းဌာနတွေက ဖော်ပြပါတယ်။ လက်တလောမှာ ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်အတွက် အယူခံဝင်နေတဲ့ မန်စီးတီးကို ပရီးမီးယားလိဂ်က မည်သည့်ပြစ်ဒဏ်မှ မချသေးပါဘူး။
ZAWGYI
ဒီကေန႔ညမွာေတာ့ ယူႏုိက္တက္ဟာ ဘယ္ဂ်ီယံကလပ္ ကလပ္ဘရုဂ်္ကို အိမ္ကြင္းမွာ ဧည့္ခံ ယွဥ္ျပိဳင္ပါမယ္။ ယူရိုပါလိဂ္ ၃၂ သင္းအဆင့္ ပထမအေက်ာ့ကိုေတာ့ ၁-၁ ရလဒ္ ထြက္ေပၚထားပါတယ္။
ဖာနန္ဒက္စ္ဟာ အသင္းေဖာ္ေတြနဲ႔ ဆက္ဆံေရးေကာင္းကို အခ်ိန္တိုအတြင္း တည္ေဆာက္ႏုိင္ဟန္ရွိျပီး လူမႈကြန္ယက္မွာေတာ့ ဖရက္၊ မာရွယ္ အစရွိတဲ့ ကစားသမားေတြနဲ႔ စေနာက္မႈေတြကို အျပန္အလွန္ ျပဳလုပ္ေနပါတယ္။
ပီအက္ဂ်ီတိုက္စစ္သမား ေနမာက ခ်န္ပီယံလိဂ္ျပင္ပက အေကာင္းဆံုး ကစားသမား ၄ ဦး စာရင္းထဲမွာ ယူႏုိက္တက္မွ ေပါ့ဘာကို ထည့္သြင္း ေရြးခ်ယ္သြားပါတယ္။
အင္တာမီလန္ကို အငွားခ်ထားတဲ့ တိုက္စစ္မွဴးဆန္းခ်က္ဟာ လာမယ့္ ရာသီမွာ ယူႏုိက္တက္ကို ျပန္လာရဖို႔က ေသခ်ာေနျပီ ျဖစ္ပါတယ္။
ဆန္ခ်ိဳကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ အမ်ားအျပားက ေနာက္ဆုတ္ခဲ့ၾကတဲ့ေနာက္ ယူႏုိက္တက္က အေရးသာတဲ့ အေနအထားကို ေရာက္ရွိခဲ့ျပီလို႔ duncan castles က ေဖာ္ျပပါတယ္။
ကလပ္ဘက္က လိုက္ဇစ္အသင္း ကြင္းလယ္လူ ေဖာ့စ္ဘက္အတြက္ ေစ်းကြက္စံုစမ္းရာမွာ ဂ်ာမနီကလပ္ဘက္က ယူရို ၂၀ သန္းအျဖစ္ ေစ်းျပန္ထားပါတယ္။
ယူႏုိက္တက္ဟာ လာမယ့္ ေႏြမွာ ေပါင္ ၄၅ သန္းနဲ႔ ရႏုိင္မယ့္ အက္စတြန္ဗီလာ ကြင္းလယ္လူ ဂရီလစ္အတြက္ ျပင္ဆင္မႈကို ေျခလွမ္း တိုးခဲ့ျပီလို႔ မန္ခ်က္စတာအေျခစိုက္ သတင္းဌာနက ေဖာ္ျပပါတယ္။
အီတလီမွာ အားကစားပြဲ အနည္းငယ္ကို ကြင္းပိတ္အေနအထားေတြနဲ႔ ယွဥ္ျပိဳင္ကစားခဲ့သလို ဂ်ပန္မွာေတာ့ လာမယ့္ ႏွစ္ပတ္အတြင္း အားကစားပြဲတိုင္းကို ဖ်က္သိမ္းဖို႔ က်န္းမာေရးဝန္ၾကီးက သတင္းထုတ္ျပန္လိုက္ပါျပီ။ လက္တေလာထိ ပရီးမီးယားလိဂ္မွာေတာ့ ကြင္းပိတ္ပြဲေတြ စီစဥ္ဖြယ္ မရွိေသးပါဘူး။
မန္စီးတီးကို အေရးယူေပးဖို႔ ပရီးမီးယားလိဂ္ကို ထိပ္သီး ျပိဳင္ဘက္ေတြက ဖိအားေပး ေတာင္းဆိုမႈေတြ လုပ္လာေနေၾကာင္း အဂၤလန္သတင္းဌာနေတြက ေဖာ္ျပပါတယ္။ လက္တေလာမွာ ယူအီးအက္ဖ္ေအရဲ႕ ျပစ္ဒဏ္အတြက္ အယူခံဝင္ေနတဲ့ မန္စီးတီးကို ပရီးမီးယားလိဂ္က မည္သည့္ျပစ္ဒဏ္မွ မခ်ေသးပါဘူး။