FA ဆီမီး ၆နှစ် ဆက် တက်ရောက်ပြီးနောက် ပြိုင်ဘက်တွေအား ဝမ်နင်ပေးလိုက်တဲ့ စီးတီး ကွင်းလယ် ရိုဒရီ
မန်စီးတီးအသင်းဟာ စနေနေ့က နယူးကာဆယ်ကို ၂ ဂိုးပြတ်အနိုင်ပြီးနောက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို ၆ ရာသီ ဆက်တိုက် တက်ရောက်နိုင်ခဲ့ပါတယ်။
စီးတီးအသင်းဟာ ဘာနာဒိုဆေးလ်ဗားရဲ့သွင်းဂိုး ၂ ဂိုးနဲ့အတူ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကွင်းလယ်လူ ရိုဒရီက အဆိုပါနိုင်ပွဲအပြီးမှာ ပြိုင်ဘက်တွေကို သတိပေးစကားဆိုလိုက်ပါတယ်။
“ဒီလိုနားရက်ရတာက ကျွန်တော်တို့အတွက် ပိုကောင်းပါတယ်။ ရာသီအကုန်မှာ ကျွန်တော်တို့ရဲ့အကောင်းဆုံး အသင်းကို မြင်ရမှာပါ။ အဲ့တာက အမြဲတမ်းဖြစ်နေကြပါ။ ဘာလို့လဲဆိုတော့ အသင်းနည်းပြကြောင့်အပြင် အသင်းရဲ့အဆင့်အတန်း၊ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်တွေက သင်ယူခဲ့တာတွေကြောင့်ပါ။ ဒါက ကျွန်တော်တို့ လိုချင်တဲ့အရာပါ။
ကျန်တာက ကောင်လေးတွေကို မေးရပါမယ်။ နိုင်ငံခြေစမ်းပွဲတွေက ခက်ခဲနိုင်ပါတယ်။ နိုင်ငံအသင်းအတွက်ကစားပေးရတာက အရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရာသီမကုန်ခင်ကိုတွေးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးတွေ ထပ်လာဖို့ ရှိပါသေးတယ်”လို့ ရိုဒရီက ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ စီးတီးဟာ အာဆင်နယ်အသင်းရဲ့နောက် ၁ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
စီးတီးဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရီးရဲလ်အသင်းနဲ့တွေ့ဆုံနေပြီး အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးနဲ့ တွေ့ဆုံနေပါတယ်။ ဂွါဒီယိုလာက စိုးရိမ်စရာစကားလုံးတွေ ပြောကြားခဲ့ပေမယ့် ရိုဒရီနဲ့ အခြားအသင်းဖော်တွေကို စုစုစည်းစည်းနဲ့ ဆက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ရာသီမတိုင်ခင် ကျွန်တော်တို့ဘယ်နေရာမှာ ရှိနေရမလဲဆိုတာကို ကိုယ့်ကိုကိုယ်မေးဖြစ်ပါတယ်။ သေချာတာက ပြိုင်ပွဲတိုင်းမှာ ကျွန်တော်တို့ တိုက်ပွဲဝင်ချင်ပါတယ်။ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ကျွန်တော်တို့ ဒီအခြေအနေဖြစ်အောင် လုပ်ဆောင်ရပါမယ်။ အရာ အားလုံး အနိုင်ရချင်ပါတယ်။ မှန်ပါတယ်။ အဲ့တာက ခက်ခဲနိုင်ပေမယ့် ကျွန်တော်တို့ တွန်းအားပေး လုပ်ဆောင်ရပါမယ်”လို့ ရိုဒရီက ထပ်လောင်းပြောကြားခဲ့ပါတယ်။