ပေါ့ဘာနဲ့ ပက်သက်ပြီး ဘယ်သူမှ မမေးတဲ့ မေးခွန်းမျိုးကို ထောက်ပြ မေးမြန်းတဲ့ ဗန်ပါစီ
လက်တလော ဖြစ်ပေါ်နေတဲ့ ပေါ့ဘာကိစ္စတွေကို ဒီအတိုင်း လွတ်မထားပဲ အသင်းနဲ့ ကစားသမားတို့ ထိပ်တိုက် ဖြေရှင်းသင့်ပါတယ်လို့ တိုက်စစ်မှူးဟောင်း ဗန်ပါစီက တိုက်တွန်းလိုက်ပါတယ်။
ဗန်ပါစီက ” ပြောဖို့ခက်ပါတယ်။ ပေါ့ဘာရဲ့ အခြေအနေတွေက စိတ်ဝင်စားစရာပါ။ သူက ကမ္ဘာအဆင့် ကွင်းလယ်လူလို့ ကျနော် မြင်တယ်။ ဒါကို အရင်နှစ်တွေကတည်းက သက်သေပြထားပြီး သူ့မှာ ထိပ်တန်းကွင်းလယ်လူတွေရဲ့ အရည်အချင်းတွေ အားလုံး ရှိထားပါတယ်။
ပထမဆုံးအနေနဲ့ သူက ဘယ်နေရာမှာ ကစားလိုသလဲဆိုတာကို ထုတ်ပြောသင့်ပါတယ်။ အဲ့တာမှာပဲ သူ့အပေါ် ဝေဖန်ပိုင်ခြားလို့ ရမှာပါ။ ပြဿနာတစ်ခုက သူက ကွင်းလယ်ခံစစ်လား၊ ကွင်းလယ် ဖန်တီးရှင်လားဆိုတာ လူတွေ မသိကြပါဘူး။ သူ့အပေါ် ဝေဖန်မှုတွေက မမျှတဘူးလို့ ထင်ပါတယ်။
လူတိုင်းက ယူနိုက်တက်အတွက် ဂိုး ၂၀ လောက် ဖန်တီးမှု ၂၀ လောက် လုပ်နိုင်ပြီး ချန်ပီယံဖြစ်စေမယ့် ပေါ့ဘာမျိုးကို မြင်လိုတယ်။ ဒါပေမယ့် သူက ကွင်းလယ်ခံစစ်သမားဆိုရင် အဲ့တာတွေ မြင်ရဖို့ မလွယ်ပါဘူး။ သူက ကွင်းလယ်တိုက်စစ်သမားဆိုရင်တော့ သွင်းဂိုးတွေ ၁၂-၁၅ လောက် မြင်တွေ့နိုင်ပါတယ်။ သူ ဘယ်နေရာကို အားသန်သလဲဆိုတာ မသိပဲ ဝေဖန်တာက မမျှတပါဘူး။
နောက်တစ်ချက်က သူက ယူနိုက်တက်မှာ ပျော်ရွှင်နေလားဆိုတာပါ။ သတင်းတွေက အများကြီးပါ။ အေးဂျန့်ကလည်း အင်တာဗျူးတွေ အများကြီး ဖြေထားတယ်။ မန်နေဂျာကလည်း မီဒီယာတွေ့ဆုံမှုတိုင်း ပြန်ဖြေရှင်းနေရတယ်။ အဓိက အချက်ကိုတော့ ဘယ်သူကမှ မမေးကြပါဘူး။
ဒဏ်ရာရနေချိန်မှာ ဒါတွေက သက်ရောက်မှု ကြီးပါတယ်။ ကွင်းထဲက ခြေစွမ်းထက် လိုရာတွေကို ဆွဲပြီး ဝေဖန်ကြတာတွေပါ။ အကောင်းဆုံးကတော့ ပေါ့ဘာနဲ့ ယူနိုက်တက်တို့ ထိပ်တိုက် တွေဆုံဆွေးနွေးဖို့ပါပဲ။ မန်နေဂျာနဲ့အတူတွေ့ပြီး မေးမြန်းသင့်နေပါပြီ။ အသင်းမှာ ဘယ်လို ကစားစေချင်လဲ၊ နေရတာ မပျော်ဘူးလား ဒါတွေကို ဆွေးနွေးရမှာဖြစ်ပြီး မဟုတ်ရင်တော့ သတင်းတွေက ဆက်ထွက်နေဦးမှာပါ ” လို့ ထောက်ပြသွားတာဖြစ်ပါတယ်။
ZAWGYI
လက္တေလာ ျဖစ္ေပၚေနတဲ့ ေပါ့ဘာကိစၥေတြကို ဒီအတိုင္း လြတ္မထားပဲ အသင္းနဲ႔ ကစားသမားတို႔ ထိပ္တိုက္ ေျဖရွင္းသင့္ပါတယ္လို႔ တိုက္စစ္မွဴးေဟာင္း ဗန္ပါစီက တိုက္တြန္းလိုက္ပါတယ္။
ဗန္ပါစီက ” ေျပာဖို႔ခက္ပါတယ္။ ေပါ့ဘာရဲ႕ အေျခအေနေတြက စိတ္ဝင္စားစရာပါ။ သူက ကမၻာအဆင့္ ကြင္းလယ္လူလို႔ က်ေနာ္ ျမင္တယ္။ ဒါကို အရင္ႏွစ္ေတြကတည္းက သက္ေသျပထားျပီး သူ႔မွာ ထိပ္တန္းကြင္းလယ္လူေတြရဲ႕ အရည္အခ်င္းေတြ အားလံုး ရွိထားပါတယ္။
ပထမဆံုးအေနနဲ႔ သူက ဘယ္ေနရာမွာ ကစားလိုသလဲဆိုတာကို ထုတ္ေျပာသင့္ပါတယ္။ အဲ့တာမွာပဲ သူ႔အေပၚ ေဝဖန္ပိုင္ျခားလို႔ ရမွာပါ။ ျပႆနာတစ္ခုက သူက ကြင္းလယ္ခံစစ္လား၊ ကြင္းလယ္ ဖန္တီးရွင္လားဆိုတာ လူေတြ မသိၾကပါဘူး။ သူ႔အေပၚ ေဝဖန္မႈေတြက မမွ်တဘူးလို႔ ထင္ပါတယ္။
လူတိုင္းက ယူႏုိက္တက္အတြက္ ဂိုး ၂၀ ေလာက္ ဖန္တီးမႈ ၂၀ ေလာက္ လုပ္ႏုိင္ျပီး ခ်န္ပီယံျဖစ္ေစမယ့္ ေပါ့ဘာမ်ိဳးကို ျမင္လိုတယ္။ ဒါေပမယ့္ သူက ကြင္းလယ္ခံစစ္သမားဆိုရင္ အဲ့တာေတြ ျမင္ရဖို႔ မလြယ္ပါဘူး။ သူက ကြင္းလယ္တိုက္စစ္သမားဆိုရင္ေတာ့ သြင္းဂိုးေတြ ၁၂-၁၅ ေလာက္ ျမင္ေတြ႔ႏုိင္ပါတယ္။ သူ ဘယ္ေနရာကို အားသန္သလဲဆိုတာ မသိပဲ ေဝဖန္တာက မမွ်တပါဘူး။
ေနာက္တစ္ခ်က္က သူက ယူႏုိက္တက္မွာ ေပ်ာ္ရႊင္ေနလားဆိုတာပါ။ သတင္းေတြက အမ်ားၾကီးပါ။ ေအးဂ်န္႔ကလည္း အင္တာဗ်ဴးေတြ အမ်ားၾကီး ေျဖထားတယ္။ မန္ေနဂ်ာကလည္း မီဒီယာေတြ႔ဆံုမႈတိုင္း ျပန္ေျဖရွင္းေနရတယ္။ အဓိက အခ်က္ကိုေတာ့ ဘယ္သူကမွ မေမးၾကပါဘူး။
ဒဏ္ရာရေနခ်ိန္မွာ ဒါေတြက သက္ေရာက္မႈ ၾကီးပါတယ္။ ကြင္းထဲက ေျခစြမ္းထက္ လိုရာေတြကို ဆြဲျပီး ေဝဖန္ၾကတာေတြပါ။ အေကာင္းဆံုးကေတာ့ ေပါ့ဘာနဲ႔ ယူႏိုက္တက္တို႔ ထိပ္တိုက္ ေတြဆံုေဆြးေႏြးဖို႔ပါပဲ။ မန္ေနဂ်ာနဲ႔အတူေတြ႔ျပီး ေမးျမန္းသင့္ေနပါျပီ။ အသင္းမွာ ဘယ္လုိ ကစားေစခ်င္လဲ၊ ေနရတာ မေပ်ာ္ဘူးလား ဒါေတြကို ေဆြးေႏြးရမွာျဖစ္ျပီး မဟုတ္ရင္ေတာ့ သတင္းေတြက ဆက္ထြက္ေနဦးမွာပါ ” လို႔ ေထာက္ျပသြားတာျဖစ္ပါတယ္။