အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်း အားဖြည့်ရေး လီဗာပူးနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရတော့မယ့် မန်စီးတီး

မန်ချက်စတာ စီးတီးက လာမယ့်ရာသီသစ် အတွက် ကြိုတင် ပြင်ဆင်မှု အဖြစ် လာမယ့် နွေဈေးကွက်မှာ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူချင်နေပါတယ်။
စီးတီးရဲ့ ပစ်မှတ်စာရင်းထဲမှာ ပီအက်စ်ဗွီရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဘာကာယိုကို ပါဝင်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။
လက်ရှိအသင်းမှာ ဒိုကူနဲ့ ဂရီးလစ်ရှ်တို့ နှစ်ဦးထဲကသာ တောင်ပံတိုက်စစ် ကစားသမား စစ်စစ်တွေ ဖြစ်ကြပြီး ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့က တောင်ပံတိုက်စစ် ကစားသမားတွေ မဟုတ်ကြပါဘူး။
ဖိုဒန်နဲ့ ဘာနာဒိုတို့ နှစ်ဦးစလုံးက အလိမ်အခေါက် ကောင်းသလို ဖန်တီးနိုင်စွမ်း မြင့်မားကြပေမယ့် သူတို့တွေ အားသန်တဲ့ နေရာက ကွင်းလယ်တိုက်စစ်ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ဂွာဒီယိုလာက လာမယ့် ရာသီသစ်မှာ ဖိုဒန်နဲ့ ဘာနာဒိုတို့ကို ကွင်းလယ်တိုက်စစ်မှာပဲ အဓိက အသုံးပြုဖို့ စဉ်းစားထားပြီး အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား တဦးကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပါတယ်။
လီဗာပူးကလည်း ခေါ်ယူလိုနေတဲ့ ဘာကာယိုကိုရဲ့ တန်ကြေးဟာ ယူရို ၅၀သန်းနဲ့ ၆၀သန်းကြား ရှိကြောင်း သိရှိရပါတယ်။