အနာဂတ် မရေရာတော့ဘဲ ရောင်းထုတ်ခံရဖွယ် ရှိလာတဲ့ ဂိုးသမား ဒီဂီယာ

ယူနိုက်တက် ဂိုးသမား ဒီဂီယာ က အသင်း ရေရှည် အစီအမံများနဲ့ ကစားသမား ဝယ်ယူမှု အသုံးစရိတ်များ အတွက် လာမယ့်နွေမှာ ရောင်းချခံရဖွယ် ရှိတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အထူးသဖြင့် ပေါ့ဘာကို မရောင်းချနိုင်ရင် ဒီဂီယာက ရောင်းချခံရဖို့ ရှိနေတာပါ။

ဒီဂီယာက ပြီးခဲ့တဲ့ စက်တင်ဘာလကမှ အသင်းနဲ့ ၂၀၂၃ ထိ ဆက်ရှိစေမယ့် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာပါ။ ဒါပေမယ့် ဒီဂီယာကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရမှာ စိုးတာကြောင့် အသင်းဘက်က စပိန်သားကို အရ စည်းရုံးခဲ့ခြင်းလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်က ရှက်ဖီးမှာ အငှားချထားတဲ့ ဂိုး သမား ဒင်း ဟန်ဒါဆန်ရဲ့ လက်စွမ်းကိုလည်း စောင့်ကြည့်နေပြီး အင်္ဂလန်သားက အားရဖွယ် အစွမ်းပြထားကာ နံပါတ် တစ် နေရာပေးမှ ယူနိုက်တက်ထံ ပြန်လာမယ်လို့လည်း အကြောင်းကြားထားပါတယ်။ ရှက်ဖီးက ဒီရာသီ ပရီးမီးယားလိဂ်မှာ မထင်မှတ်လောက်အောင် ခြေစွာနေပြီး နောက်ရာသီ ဥရောပ ပြိုင်ပွဲ ပါဝင်ခွင့်ပါ ရရှိနိုင်ချေ ရှိနေပါတယ်။

ဒင်း ဟန်ဒါဆန်သာ ယူနိုက်တက်ကို ပြန်လာခဲ့ရင် ဝါရင့် ဂိုးသမားကြီး ရိုမဲရိုးကလည်း အကူးအပြောင်း ကာလမှ ကောင်းစွာ တွဲဖက် ကူညီနိုင်မယ်လို့ ယူနိုက်တက် တာဝန်ရှိသူတွေက တွက်ဆနေကြတာပါ။ ဒီဂီယာကလည်း ယူနိုက်တက်သာ ခွင့်ပြုခဲ့ရင် မွေးရပ်မြေ စပိန်သို့ ပြန်သွားလို နေပါတယ်။

အင်္ဂလန် ပြည်တွင်းကလပ်အသင်း တစ်သင်းသင်းထံ ပြောင်းရွှေ့ဖို့ကတော့ မဖြစ်နိုင်သလောက် ရှိနေပြီး ဒီဂီယာ အတွက် အသင်းသစ် ဖြစ်လာနိုင်တာက ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီတို့ ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ စပိန်သားရဲ့ လက်စွမ်းဟာ ဒီရာသီ အစောပိုင်းက ဆိုးဝါးစွာ ကျဆင်းခဲ့ပေမယ့် ဒီတလောပိုင်းမှာ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေက ယူနိုက်တက် ကစားသမား ဝယ်ယူမှုမှာ ဝမ်ဘစ်ဆာကာ၊ မက်ဂွဲရား၊ ဒန်နီရယ် ဂျိမ်းစ်တို့ အတွက် ပေါင် သန်း ၁၅၀ ဝန်းကျင် သုံးထားခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီမှာလည်း ဘရူနို ဖာနန်ဒက်စ်ကို ပေါင် ၆၇ သန်းနဲ့ ခေါ်ယူထားပါသေးတယ်။ လာမယ့် နွေမှာ ကစားသမား သစ်တွေ ဝယ်ယူလိုရင် ဘဏ္ဍာရေးစာရင်းမှာ အရှုံးပြနေတဲ့ ယူနိုက်တက် အနေနဲ့ ဒီဂီယာ ကို ရောင်းချပြီး အသုံးစရိတ် ပြန်ချေနိုင်ဖို့ ကြံရွယ်လာခဲ့တာ ဖြစ်ပြါတယ်။

Zawgyi – ယူနိုက္တက္ ဂိုးသမား ဒီဂီယာ က အသင္း ေရရွည္ အစီအမံမ်ားနဲ႕ ကစားသမား ၀ယ္ယူမႈ အသံုးစရိတ္မ်ား အတြက္ လာမယ့္ေႏြမွာ ေရာင္းခ်ခံရဖြယ္ ရွိတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အထူးသျဖင့္ ေပါ့ဘာကို မေရာင္းခ်နိုင္ရင္ ဒီဂီယာက ေရာင္းခ်ခံရဖို႔ ရွိေနတာပါ။

ဒီဂီယာက ျပီးခဲ့တဲ့ စက္တင္ဘာလကမွ အသင္းနဲ႕ ၂၀၂၃ ထိ ဆက္ရွိေစမယ့္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာပါ။ ဒါေပမယ့္ ဒီဂီယာကို ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ လက္လႊတ္ရမွာ စိုးတာေၾကာင့္ အသင္းဘက္က စပိန္သားကို အရ စည္းရုံးခဲ့ျခင္းလို႔ ဆိုနုိင္ပါတယ္။

ဒါေပမယ့္ ယူနိုက္တက္က ရွက္ဖီးမွာ အငွားခ်ထားတဲ့ ဂိုး သမား ဒင္း ဟန္ဒါဆန္ရဲ႕ လက္စြမ္းကိုလည္း ေစာင့္ၾကည့္ေနျပီး အဂၤလန္သားက အားရဖြယ္ အစြမ္းျပထားကာ နံပါတ္ တစ္ ေနရာေပးမွ ယူနိုက္တက္ထံ ျပန္လာမယ္လို႔လည္း အေၾကာင္းၾကားထားပါတယ္။ ရွက္ဖီးက ဒီရာသီ ပရီးမီးယားလိဂ္မွာ မထင္မွတ္ေလာက္ေအာင္ ေျခစြာေနျပီး ေနာက္ရာသီ ဥေရာပ ျပိဳ္င္ပြဲ ပါ၀င္ခြင့္ပါ ရရွိနုိင္ေခ် ရွိေနပါတယ္။

ဒင္း ဟန္ဒါဆန္သာ ယူနိုက္တက္ကို ျပန္လာခဲ့ရင္ ၀ါရင့္ ဂိုးသမားၾကီး ရိုမဲရိုးကလည္း အကူးအေျပာင္း ကာလမွ ေကာင္းစြာ တြဲဖက္ ကူညီနိုင္မယ္လို႔ ယူနိုက္တက္ တာ၀န္ရွိသူေတြက တြက္ဆေနၾကတာပါ။ ဒီဂီယာကလည္း ယူနိုက္တက္သာ ခြင့္ျပဳခဲ့ရင္ ေမြးရပ္ေျမ စပိန္သို႔ ျပန္သြားလို ေနပါတယ္။

အဂၤလန္ ျပည္တြင္းကလပ္အသင္း တစ္သင္းသင္းထံ ေျပာင္းေရႊ႕ဖို႔ကေတာ့ မျဖစ္နုိင္သေလာက္ ရွိေနျပီး ဒီဂီယာ အတြက္ အသင္းသစ္ ျဖစ္လာနုိင္တာက ဂ်ဴဗင္တပ္နဲဲ႕ ပီအက္စ္ဂ်ီတို႔ ျဖစ္တယ္လို႔ သံုးသပ္မႈေတြ ရွိေနပါတယ္။ စပိန္သားရဲ႕ လက္စြမ္းဟာ ဒီရာသီ အေစာပိုင္းက ဆိုး၀ါးစြာ က်ဆင္းခဲ့ေပမယ့္ ဒီတေလာပိုင္းမွာ ျပန္လည္ ေကာင္းမြန္ေနျပီ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ေႏြက ယူနုိက္တက္ ကစားသမား ၀ယ္ယူမႈမွာ ၀မ္ဘစ္ဆာကာ၊ မက္ဂြဲရား၊ ဒန္နီရယ္ ဂ်ိမ္းစ္တို႔ အတြက္ ေပါင္ သန္း ၁၅၀ ၀န္းက်င္ သံုးထားခဲ့ျပီး ျပီးခဲ့တဲ့ ဇန္န၀ါရီမွာလည္း ဘရူနို ဖာနန္ဒက္စ္ကို ေပါင္ ၆၇ သန္းနဲ႕ ေခၚယူထားပါေသးတယ္။ လာမယ့္ ေႏြမွာ ကစားသမား သစ္ေတြ ၀ယ္ယူလိုရင္ ဘ႑ာေရးစာရင္းမွာ အရွံဳးျပေနတဲ့ ယူနိုက္တက္ အေနနဲ႕ ဒီီဂီယာ ကို ေရာင္းခ်ျပီး အသံုးစရိတ္ ျပန္ေခ်နိုင္ဖို႔ ၾကံရြယ္လာခဲ့တာ ျဖစ္ျပါတယ္။