ရီးရဲလ်မက်ဒရစ် တိုက်စစ်ကြယ်ပွင့်ကို ခေါ်ဖို့ မန်စီးတီး အာဆင်နယ် လီဗာပူးလ် ယူနိုက်တက်တို့ အပြိုင် စောင့်ကြည့်နေ
မန်ချက်စတာ စီးတီး၊ ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးလ်နဲ့ တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေက ရီးရဲလ် မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရိုဒရီဂိုရဲ့ အနာဂတ် အခြေအနေကို စောင့်ကြည့်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့်နွေမှာ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေအပြင် ဘရာဇီးလ် လူငယ်ကြယ်ပွင့်လေး အန်းဒရစ်ခ်ပါ ရောက်ရှိလာတော့မှာဖြစ်လို့ ရိုဒရီဂို ရဲ့ ရီးရဲလ် ကစားသမားဘဝ အနာဂတ်ဟာ အနည်းငယ် လှုပ်ခတ်လာနိုင်ပါတယ်။
အသက် (၂၃)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ညာတောင်ပံ ကစားသမား ရိုဒရီဂိုဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကတည်းက ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းက ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အခုဆိုရင် ရီးရဲလ်ရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်နေရပါတယ်။
ညာတောင်ပံရော ဘယ်တောင်ပံမှာပါ ကစားတက်သလို လိုအပ်ရင် အထောင်တိုက်စစ်နေရာမှာပါ ကစားတတ်သေးတဲ့ ရိုဒရီဂိုဟာ ရီးရဲလ်အသင်းနဲ့ ၂၀၂၈ခုနှစ်အထိ ကာလရှည်ကြာ စာချုပ်သက်တမ်းမျိုး ရှိနေပေမယ့် အသင်းဆီကို ဘာပေ အန်းဒရစ်ခ်တို့ ရောက်လာချိန်မှာတော့ ရိုဒရီဂိုရဲ့ ပွဲကစားခွင့်တွေ ပုံမှန်အတိုင်း ရှိနေနိုင်ဖို့က ခက်ခဲလာနိုင်ပါတယ်။
ရီးရဲလ်ကတော့ ဗင်နီစီယပ်စ်နဲ့ ရိုဒရီဂိုတို့လို အသင်းက ဆမ်ဘာကြယ်ပွင့်တွေကို အသင်းကနေ အလွယ် တကူ လက်လွတ်ခံသွားမှာ မဟုတ်ပေမယ့်လည်း ဗင်နီစီယပ်စ်ထက် ရိုဒရီဂိုရဲ့ ပွဲကစားခွင့်တွေက ပိုပြီး နည်းပါးလာနိုင်ဖို့ ရှိနေတာမို့ ဒီလို အခြေအနေသာ ဖြစ်လာခဲ့ရင် ရိုဒရီဂိုလည်း သူ့အနာဂတ်အတွက် စဉ်းစားလာနိုင်ပါတယ်။
ဒါကြောင့် ဒီအခြေအနေကို မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်နဲ့ မန်ယူနိုက်တက်တို့က စိတ်ဝင်တစား စောင့်ကြည့်နေကြသလို တကယ်လို့ ရိုဒရီဂိုသာ ရီးရဲလ်နဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လာခဲ့မယ်ဆိုရင်တော့ ကမ်းလှမ်းမှုတွေ အပြိုင်အဆိုင် လုပ်ဆောင်သွားကြဖွယ် ရှိနေပါတယ်။