ဒိုကူရဲ့ ဖြစ်ရပ် ပင်နယ်တီ မပေးတာ ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်တွေ မှန်တယ်လို့ ပရီးမီးယားလိဂ် ဒိုင်ချုပ် ထောက်ခံ

ပရီးမီးယားလိဂ် ဒိုင်အကြီးအကဲ ဟောင်းဝပ်ဝက်ဘ်ကတော့ လီဗာပူး ၁-၁ မန်စီးတီးပွဲမှာ ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အိုလီဗာနဲ့ VAR ဒိုင်တွေရဲ့ အမြင်ကို ထောက်ခံသွားပါတယ်။

အဆိုပါပွဲရဲ့ ပွဲပြီးခါနီးမှာ ပင်နယ်တီ ဧရိယာ အတွင်း မက်ကာလစ်စတာကို ဒိုကူ ခြေထောက်မြှောက်ပြီး ပြစ်ဒဏ် ကျူးလွန် ခဲ့ပေမယ့် ကွင်းလယ် ဒိုင်လူကြီးအိုလီဗာ က ပင်နယ်တီ ပေးဖို့ ငြင်းဆန် ခဲ့တာ ဖြစ်ပါတယ် ။

ဒိုင်အကြီးအကဲ ဟောင်းဝပ်ဝက်ဘ် က အဆိုပါ ဖြစ်ရပ် အပေါ် ” ဒါနဲ့ အမြင်‌တွေကတော့ အမျိုးမျိုး ရှိကြတာပေါ့ဗျာ။ အိုလီဗာက ဘောလုံး က ကစားသမား နှစ်ဦးကြားမှာ ရှိနေခဲ့တယ်လို့ ပြောတာ ခင်ဗျားတို့လည်း ကြားလိုက်မှာပါ။

ဘောလုံးက ခေါင်းတိုက် ဖို့လည်း အရမ်းနိမ့်လွန်းနေခဲ့ပါတယ် ၊ ဒိုကူက ဘောလုံး ကို ထိဖို့ သူ့ခြေထောက်ကို မြှောက်ခဲ့တာ ဖြစ်ပြီး ဘောလုံးကိုလည်း ထိခဲ့ပါတယ်။ နောက်ပြီး ဟုတ်ပါတယ် ၊ မက်ကာလစ်စတာကိုလည်း အနည်းငယ် ထိသွားခဲ့ပါတယ် ။

မက်ကာလစ်စတာက သူ့ဆီ ဝင်လာခဲ့တာပါ။ သူက ဘောလုံးကို ကစားနေတဲ့သူလည်း မဟုတ်ပါဘူး။ ဒါကြောင့် အမြင်တွေ ကွဲလွဲ နေကြတဲ့ အပေါ် ကျနော် နားလည် ပါတယ်။

၁-၁ ဖြစ်နေတဲ့ အချိန်မှာ တိကျ သေချာတဲ့ အဖြေပဲ ပေးချင်ကြတာပါ။ ရှင်းလင်းပြီး တိကျသေချာမှပဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ကို ချနိုင်မှာပေါ့ဗျာ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။