ယူရိုပါလိဂ်ပွဲကြို သတင်းများ၊ ၁၆ သင်းအဆင့် မဲခွဲမှုအကြောင်းနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာဟာ သတင်းထွက်နေတဲ့ ပေါင် ၅၁ သန်းအစား ပေါင် သန်း ၃၀ နဲ့ ခေါ်ယူခွင့်ရမယ်လို့ သိရပါတယ်။ ယူနိုက်တက်က ဝါနာကို ခေါ်ယူလိုနေပြီး ရေပန်းစားမှုမှာတော့ လီဗာပူးက ပိုမို အရေးသာနေဆဲပါ။

ပရီးမီးယားလိဂ်ကတော့ ၁၉၉၂ ခုနှစ်ကနေ စတင်ခဲ့တဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂန္တဝင်ကြီးတွေကို ရွေးချယ်မယ့် Premier League Hall of Fame အစီအစဉ်ကို အတည်ပြုခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား အိန်ဂျယ်ဂိုးမက်စ်က ကလပ်အသင်းနဲ့ စာချုပ်သစ်ချုပ်မယ်လို့ နီကီဘတ်က ယုံကြည်နေဆဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ခံစစ်ပိုင်း အင်အားဖြည့်ဖို့ နာပိုလီမှ ကူလီဘာလေကိုလည်း စောင့်ကြည့်နေဆဲလို့ သိရပါတယ်။ နွေမှာ ခံစစ်က ကစားသမား အချို့ကို ထပ်မံ ရှင်းထုတ်နိုင်တယ် သတင်းထွက်နေပြီး နာမည်စာရင်းကတော့ ထွက်မလာသေးပါဘူး။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ နွေရာသီနဲ့ ဆောင်းရာသီ အပြောင်းအရွှေ့တွေမှာ ပေါင် သန်း ၂၀၀ ကျော် အသုံးပြုထားတဲ့ ယူနိုက်တက်ဟာ အသုံးစရိတ်တွေကို ကာမိစေဖို့ နွေမှာ ပေါ့ဘာ (သို့) ဒီဂီယာကို ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။

ယူရိုပါလိဂ်ပွဲကြို လေ့ကျင့်ရေး အစီအစဉ်မှာ အသင်းဖော်တွေ လေ့ကျင့်နေစဉ် ဘောလုံးနဲ့ ကကွက်စမ်းတွေကျင့်နေတဲ့ လင်ဂတ်ဟာ ဝေဖန်ခံနေရပါတယ်။ လင်ဂတ်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု ပျောက်ဆုံးနေတာပါ။

ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် ဘယ်ဂျီယံကလပ်နဲ့ ၃၂ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးရင်တော့ ၁၆ သင်းအဆင့် မဲခွဲမှုကို သောကြာနေ့မှာပဲ သိရမှာဖြစ်ပါတယ်။

မန်နေဂျာဆိုးရှားက တိုက်စစ်မှူး မာရှယ်အား တစ်ရာသီ သွင်းဂိုး ၁၅ ဂိုးအစား ၂၅ ဂိုးထိ ရအောင် သွင်းယူဖို့ စိန်ခေါ်သွားပါတယ်။

ZAWGYI

လိုက္ဇစ္တိုက္စစ္မွဴး တီမိုဝါနာဟာ သတင္းထြက္ေနတဲ့ ေပါင္ ၅၁ သန္းအစား ေပါင္ သန္း ၃၀ နဲ႔ ေခၚယူခြင့္ရမယ္လို႔ သိရပါတယ္။ ယူႏုိက္တက္က ဝါနာကို ေခၚယူလိုေနျပီး ေရပန္းစားမႈမွာေတာ့ လီဗာပူးက ပိုမို အေရးသာေနဆဲပါ။

ပရီးမီးယားလိဂ္ကေတာ့ ၁၉၉၂ ခုႏွစ္ကေန စတင္ခဲ့တဲ့ ျပိဳင္ပြဲရဲ႕ အေကာင္းဆံုး ဂႏၱဝင္ၾကီးေတြကို ေရြးခ်ယ္မယ့္ Premier League Hall of Fame အစီအစဥ္ကို အတည္ျပဳခဲ့ျပီျဖစ္ပါတယ္။

ယူႏုိက္တက္ လူငယ္ကစားသမား အိန္ဂ်ယ္ဂိုးမက္စ္က ကလပ္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္မယ္လို႔ နီကီဘတ္က ယံုၾကည္ေနဆဲ ျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ခံစစ္ပိုင္း အင္အားျဖည့္ဖို႔ နာပိုလီမွ ကူလီဘာေလကိုလည္း ေစာင့္ၾကည့္ေနဆဲလို႔ သိရပါတယ္။ ေႏြမွာ ခံစစ္က ကစားသမား အခ်ိဳ႕ကို ထပ္မံ ရွင္းထုတ္ႏုိင္တယ္ သတင္းထြက္ေနျပီး နာမည္စာရင္းကေတာ့ ထြက္မလာေသးပါဘူး။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ေႏြရာသီနဲ႔ ေဆာင္းရာသီ အေျပာင္းအေရႊ႔ေတြမွာ ေပါင္ သန္း ၂၀၀ ေက်ာ္ အသံုးျပဳထားတဲ့ ယူႏုိက္တက္ဟာ အသံုးစရိတ္ေတြကို ကာမိေစဖို႔ ေႏြမွာ ေပါ့ဘာ (သို႔) ဒီဂီယာကို ေရာင္းထုတ္ရဖြယ္ ရွိေနပါတယ္။

ယူရိုပါလိဂ္ပြဲၾကိဳ ေလ့က်င့္ေရး အစီအစဥ္မွာ အသင္းေဖာ္ေတြ ေလ့က်င့္ေနစဥ္ ေဘာလံုးနဲ႔ ကကြက္စမ္းေတြက်င့္ေနတဲ့ လင္ဂတ္ဟာ ေဝဖန္ခံေနရပါတယ္။ လင္ဂတ္ဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလေနာက္ပိုင္း သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈ ေပ်ာက္ဆံုးေနတာပါ။

ဒီကေန႔ည ယွဥ္ျပိဳင္ကစားမယ့္ ဘယ္ဂ်ီယံကလပ္နဲ႔ ၃၂ သင္းအဆင့္ကို ေက်ာ္ျဖတ္ႏုိင္ခဲ့ျပီးရင္ေတာ့ ၁၆ သင္းအဆင့္ မဲခြဲမႈကို ေသာၾကာေန႔မွာပဲ သိရမွာျဖစ္ပါတယ္။

မန္ေနဂ်ာဆိုးရွားက တိုက္စစ္မွဴး မာရွယ္အား တစ္ရာသီ သြင္းဂိုး ၁၅ ဂိုးအစား ၂၅ ဂိုုးထိ ရေအာင္ သြင္းယူဖို႔ စိန္ေခၚသြားပါတယ္။