ဟာလန်း က မက်ဆီ၊ ရော်နယ်ဒို တို့ကို မှီဖို့ အများကြီး လိုပါသေးတယ် လို့ သုံးသပ် ထောက်ပြလာတဲ့ ပီကေး

မန်ချက်စတာ စီးတီး တိုက်စစ်မှုး အာလင်း ဟာလန်း ဟာ လက်ရှိ ဘောလုံးကမ္ဘာမှာ မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့နောက်ပိုင်း ဘလွန်ဒီအောဆုကို ရယူနိုင်မဲ့ အနီးစပ်ဆုံး ကစားသမားတစ်ယောက်ပါ။

ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုများစွာကို ရယူထားနိုင်ပြီး အခုနှစ်တွေမှာတော့ ဟာလန်းကို GOAT ကြီးနှစ်ပါးနဲ့နှိုင်းယှဉ်မှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

ဒါပေမယ့်လည်း မက်ဆီနဲ့ ရော်နယ်ဒိုနှစ်ယောက်စလုံးနဲ့အသင်းဖော်ဖြစ်ခဲ့တဲ့ ပီကေးကတော့ ဟာလန်းအနေနဲ့ မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့အဆင့်အတန်းကိုမှီဖို့ အများကြီးလိုသေးကြောင်း ပြောကြားလိုက်ပါတယ်။

” အာလင်း ဟာလန်းက အလားအလာ အများကြီးရှိတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ အဆင့်အတန်းကို ရောက်ရှိဖို့ အများကြီး လိုပါသေးတယ်။ ”

” ဟာလန်းအနေနဲ့ ဆုဖလားတွေအများကြီးရယူပြီး ၁၅နှစ် အနှစ်၂၀လောက် ခြေစွမ်းပြကစားနိုင်ဖို့လိုပါတယ်။ ဒါကမလွယ်ကူပါဘူး….. ဟာလန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာ ရှိပေမယ့် မက်ဆီနဲ့ရော်နယ်ဒိုတို့ကို မှီဖို့ဝေးကွာနေသေးတယ်လို့ထင်ပါတယ်။ ” လို့ ပီကေးက ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ စီးတီး တိုက္စစ္မႈး အာလင္း ဟာလန္း ဟာ လက္ရွိ ေဘာလံုးကမၻာမွာ မက္ဆီနဲ႔ေရာ္နယ္ဒိုတို႔ရဲ႕ေနာက္ပိုင္း ဘလြန္ဒီေအာဆုကို ရယူႏိုင္မဲ့ အနီးစပ္ဆုံး ကစားသမားတစ္ေယာက္ပါ။

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ေအာင္ျမင္မႈမ်ားစြာကို ရယူထားႏိုင္ၿပီး အခုႏွစ္ေတြမွာေတာ့ ဟာလန္းကို GOAT ၾကီးႏွစ္ပါးနဲ႔ႏႈိင္းယွဥ္မႈေတြ ျပဳလုပ္လာခဲ့ၾကပါတယ္။

ဒါေပမယ့္လည္း မက္ဆီနဲ႔ ေရာ္နယ္ဒိုႏွစ္ေယာက္စလုံးနဲ႔အသင္းေဖာ္ျဖစ္ခဲ့တဲ့ ပီေကးကေတာ့ ဟာလန္းအေနနဲ႔ မက္ဆီနဲ႔ေရာ္နယ္ဒိုတို႔ရဲ႕အဆင့္အတန္းကိုမွီဖို႔ အမ်ားႀကီးလိုေသးေၾကာင္း ေျပာၾကားလိုက္ပါတယ္။

” အာလင္း ဟာလန္းက အလားအလာ အမ်ားႀကီးရွိတဲ့ ကစားသမားတစ္ေယာက္ပါ။ ဒါေပမယ့္ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ အဆင့္အတန္းကို ေရာက္ရွိဖို႔ အမ်ားႀကီး လိုပါေသးတယ္။ ”

” ဟာလန္းအေနနဲ႔ ဆုဖလားေတြအမ်ားႀကီးရယူၿပီး ၁၅ႏွစ္ အႏွစ္၂၀ေလာက္ ေျခစြမ္းျပကစားႏိုင္ဖို႔လိုပါတယ္။ ဒါကမလြယ္ကူပါဘူး….. ဟာလန္းက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အလားအလာ ရွိေပမယ့္ မက္ဆီနဲ႔ေရာ္နယ္ဒိုတို႔ကို မွီဖို႔ေဝးကြာေနေသးတယ္လို႔ထင္ပါတယ္။ ” လို႔ ပီေကးက ထုတ္ေဖာ္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။