ရန်ကုန်မြို့တွင် တရားမဝင် လျှပ်စစ် ဓာတ်အားသုံးစွဲမှု ရှိ၊ မရှိ စီမံချက်ဖြင့် ကွင်းဆင်းစစ်ဆေးနေ

တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ရှိ၊ မရှိ ရန်ကုန်မြို့တွင်စီမံချက်ဖြင့် အဖွဲ့လိုက်ကွင်းဆင်း စစ်ဆေးနေ ကြောင်းရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ သတင်း‌ဖော်ပြချက် အရ သိရသည်။

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အရှေ့ပိုင်း ခရိုင်ကွပ်ကဲမှုအောက်ရှိ မြို့နယ်များတွင် ဓာတ်အား ပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေး၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများမရှိ စေရေး၊ ဓာတ်အားခကြွေးကျန်များ လျော့နည်းကျဆင်းရေးတို့ အတွက် အရှေ့ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာရုံး၏ ကြီးကြပ်မှုဖြင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်ဟုဆိုသည်။

မတ် ၂၀ ရက်မှ ၂၁ ရက်အထိ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ခရိုင်စုဖွဲ့မြို့နယ်များဖြင့် စီမံချက်အဖွဲ့ ၁၄ ဖွဲ့ ဖွဲ့စည်းပြီး အဖွဲ့လိုက်နယ်မြေများသတ်မှတ် ကာ ခရိုင်လျှပ်စစ်မန်နေဂျာနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့က ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

တရားမဝင်ဓာတ်အားသုံးစွဲမှုများရှိ/မရှိ၊ မီတာများ Auto ဖတ်ရှု၍ ရ/မရ၊ GPS Point များ၊ တိုင်အမှတ်များ မှန်ကန်မှု ရှိ/မရှိ၊ ရပ်ကွက်အလိုက် လမ်းအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ရာ မီးသုံးသူ ၂၁၅၅ ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။