အိုဒီဂတ်နဲ့ အတူတူသာ ကစားရရင် စီးတီးမှာ ပိုကောင်းသွားမှာလား မေးခွန်းကို ပါးပါးနပ်နပ် ပြန်ဖြေခဲ့တဲ့ ဟာလန်း

မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင် ဟာလန်း က ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် အသင်း ရဲ့ ကပ္ပတိန် မာတင် အိုဒီဂတ် သာ စီးတီးထံ ရောက်လာရင် သူတို့ အသင်းက ပိုမို တိုးတက် ကောင်းမွန် လာမှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

နော်ဝေး လက်‌ရွေးစင် အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ အိုဒီဂတ်ဟာ အာဆင်နယ် အတွက် စုစုပေါင်း ၁၄၁ ပွဲ ကစားထားရာမှာ သွင်းဂိုး ၃၃ ဂိုး ၊ ဂိုးဖန်တီးမှု ၂၃ ကြိမ် ပြုလုပ် ထား နိုင်သူ ဖြစ်ပါတယ်။

အိုဒီဂတ် ဟာ အာတီတာ အားထားရတဲ့ ကွင်းလယ်လူ တစ်ဦး ဖြစ်ပြီး ၂၀၂၂ ခုနှစ် မှာ အသင်းရဲ့ အမြဲတမ်း အသင်းခေါင်း‌ဆောင် အဖြစ် ခန့်အပ် ခံခဲ့ရသူပါ။

အိုဒီဂတ် မန်စီးတီး အသင်းကို ပြောင်းရွေ့ ကစားမယ်လို့ သတင်းတွေ ထွက်ပေါ် နေခြင်း မရှိပေမယ့် သတင်းထောက် တစ်ယောက်ကတော့ ဟာလန်း ကို အော်ဒီဂတ် သာ ရောက်လာရင် မန်စီးတီး က ပိုကောင်းတဲ့ အသင်း ဖြစ်သွားနိုင်သလားလို့ မေးမြန်း ခဲ့ပါတယ်။

အဆိုပါ မေးခွန်းကို ဟာလန်း ” ကျနော်ကတော့ ပိုကောင်း လာလိမ့်မယ်လို့ ထင်ပါတယ်။ သူ က ကစားသမားကောင်း တစ်ဦးပါ၊ ကျနော်တို့ရဲ့ ပြိုင်ဘက် အသင်းမှာ ကစားနေတဲ့သူပေ့ါ။

သူက အသင်းနဲ့ စာချုပ်သစ် ချုပ်ထားတာလည်း မကြာသေးပါဘူး၊ ဒါကြောင့် သူ ရောက်မရောက်က ပြောစရာကို မလိုပါဘူး ၊ ဒါပေမဲ့ စီးတီးမှာလည်း ကမ္ဘာ့အဆင့် ကစားသမားတွေ အများကြီး ရှိနေပါတယ်။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။