မန်ချက်စတာယူနိုက်တက်က မဖြစ်နိုင်တာ မရှိဘူးဆိုပြီး ဘိုင်လီရဲ့ အသင်းဖော်တွေကို စိန်ခေါ်မှု

ယူနိုက်တက်ခံစစ်မှူး ဘိုင်လီက မန်နေဂျာမော်ရင်ညိုလက်ထက် ယူရိုပါလိဂ် အနိုင်ရခဲ့မှုက အချိန်သိပ်မကြာသေးပဲ ဒီရာသီမှာလည်း ယူရိုပါလိဂ်ကို ဗိုလ်လုပွဲထိ ရောက်အောင်သွားနိုင်အောင် ကြိုးစားကြမယ်လို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီရာသီမှာ ကာလရှည် ဒဏ်ရာရနေခဲ့တဲ့ ဘိုင်လီဟာ မကြာသေးခင်ကပဲ ကြံ့ခိုင်မှု ရာနှုန်းပြည့် ပြန်ကောင်းလာခဲ့ကာ အသင်းမှာ နေရာပြန်ရစ ပြုလာနေတာပါ။ ဘိုင်လီကတော့ ကလပ်အသင်းဟာ ချန်ပီယံလိဂ်လို ပြိုင်ပွဲကို ပုံမှန် ပါဝင်နေသင့်တဲ့ အသင်းဖြစ်ပေမယ့် လက်ရှိ ပါဝင်နေရတဲ့ ယူရိုပါလိဂ်ကိုပဲ အနိုင်ရခဲ့ထိ ကြိုးစားမယ်လို့ စိန်ခေါ်စကား ဆိုပါတယ်။

” ဘိုင်လီက ယူနိုက်တက်မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ဒီရာသီ ယူရိုပါလိဂ်မှာလည်း အဆင့်တွေကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ကာ အဆိုပါ ဗိုလ်လုပွဲကို ကျနော် ကိုယ်တိုင် ပါဝင်ကစားရမယ်ဆိုရင် အရမ်းကို ကျေနပ်မိမှာပါ။ အဲ့သည်အတွက်လည်း ကျနေ်ာ ကြိုးစားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဆိုတဲ့ အသင်းဟာ နှစ်တိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့် ရနေသင့်တဲ့ အသင်းဖြစ်တယ်။ ယူရိုပါလိဂ်ကလည်း ကလပ်အသင်းတိုင်း ပါဝင်ခွင့်ရတဲ့ ပြိုင်ပွဲ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲကို အလေးထားဖို့ ကျနေ်ာတို့ ကြိုးစား အလုပ်လုပ်နေပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပဲ ကျနေ်ာတို့က ဒီဖလားကို အနိုင်ရခဲ့ကြသေးတာ ဖြစ်ပါတယ်။

ကျနေ်ာတို့ ဒီပြိုင်ပွဲကို ထပ်မံပြီး ပါဝင်ယှဉ်ပြိုင်နေရပါပြီ။ အသင်းမှာ အရည်အချင်းကောင်းတွေရှိတဲ့ ကစားသမားတွေ အများကြီး ပါဝင်ထားပြီး သူတို့တွေက အသင်းကို လမ်းကြောင်းမှန်ပေါ် ရောက်စေမယ့် အင်အားတွေ ပိုင်ဆိုင်ထားကြတယ်။ ကျနေ်ာတို့က အရင်တုန်းကလိုပဲ ထပ်မံ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။

အဲ့တာတွေအတွက် အရေးပါဆုံးအဖြစ် ဒီကနေ့ညမှာ ကလပ်ဘရုဂျ်ကို ရင်ဆိုင်ရယ့် စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ဖို့ သေချာပေါက် လိုအပ်ပါတယ် ” လို့ ဘိုင်လီက အသင်းဖော်တွေကို တိုက်တွန်းစိန်ခေါ်မှု ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ခံစစ္မွဴး ဘိုင္လီက မန္ေနဂ်ာေမာ္ရင္ညိဳလက္ထက္ ယူရိုပါလိဂ္ အႏုိင္ရခဲ့မႈက အခ်ိန္သိပ္မၾကာေသးပဲ ဒီရာသီမွာလည္း ယူရိုပါလိဂ္ကို ဗိုလ္လုပြဲထိ ေရာက္ေအာင္သြားႏုိင္ေအာင္ ၾကိဳးစားၾကမယ္လို႔ အသင္းေဖာ္ေတြကို တိုက္တြန္းလိုက္ပါတယ္။

ဒီရာသီမွာ ကာလရွည္ ဒဏ္ရာရေနခဲ့တဲ့ ဘုိင္လီဟာ မၾကာေသးခင္ကပဲ ၾကံ႔ခိုင္မႈ ရာႏႈန္းျပည့္ ျပန္ေကာင္းလာခဲ့ကာ အသင္းမွာ ေနရာျပန္ရစ ျပဳလာေနတာပါ။ ဘိုင္လီကေတာ့ ကလပ္အသင္းဟာ ခ်န္ပီယံလိဂ္လို ျပိဳင္ပြဲကို ပံုမွန္ ပါဝင္ေနသင့္တဲ့ အသင္းျဖစ္ေပမယ့္ လက္ရွိ ပါဝင္ေနရတဲ့ ယူရိုပါလိဂ္ကိုပဲ အႏုိင္ရခဲ့ထိ ၾကိဳးစားမယ္လို႔ စိန္ေခၚစကား ဆိုပါတယ္။

” ဘိုင္လီက ယူႏုိက္တက္မွာ မျဖစ္ႏုိင္ဘူးဆိုတာ မရွိပါဘူး။ ဒီရာသီ ယူရိုပါလိဂ္မွာလည္း အဆင့္ေတြကို ေက်ာ္ျဖတ္ျပီး ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ကာ အဆိုပါ ဗိုလ္လုပြဲကို က်ေနာ္ ကိုယ္တုိင္ ပါဝင္ကစားရမယ္ဆိုရင္ အရမ္းကို ေက်နပ္မိမွာပါ။ အဲ့သည္အတြက္လည္း က်ေန္ာ ၾကိဳးစားေနပါတယ္။

မန္ခ်က္စတာ ယူႏုိက္တက္ဆိုတဲ့ အသင္းဟာ ႏွစ္တိုင္း ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ပါဝင္ယွဥ္ျပိဳင္ခြင့္ ရေနသင့္တဲ့ အသင္းျဖစ္တယ္။ ယူရိုပါလိဂ္ကလည္း ကလပ္အသင္းတိုင္း ပါဝင္ခြင့္ရတဲ့ ျပိဳင္ပြဲ မဟုတ္ပါဘူး။ ဒီျပိဳင္ပြဲကို အေလးထားဖို႔ က်ေန္ာတို႔ ၾကိဳးစား အလုပ္လုပ္ေနျပီး လြန္ခဲ့တဲ့ သံုးႏွစ္ေလာက္ကပဲ က်ေန္ာတုိ႔က ဒီဖလားကို အႏုိင္ရခဲ့ၾကေသးတာ ျဖစ္ပါတယ္။

က်ေန္ာတို႔ ဒီျပိဳင္ပြဲကို ထပ္မံျပီး ပါဝင္ယွဥ္ျပိဳင္ေနရပါျပီ။ အသင္းမွာ အရည္အခ်င္းေကာင္းေတြရွိတဲ့ ကစားသမားေတြ အမ်ားၾကီး ပါဝင္ထားျပီး သူတို႔ေတြက အသင္းကို လမ္းေၾကာင္းမွန္ေပၚ ေရာက္ေစမယ့္ အင္အားေတြ ပိုင္ဆိုင္ထားၾကတယ္။ က်ေန္ာတို႔က အရင္တုန္းကလိုပဲ ထပ္မံ လုပ္ေဆာင္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။

အဲ့တာေတြအတြက္ အေရးပါဆံုးအျဖစ္ ဒီကေန႔ညမွာ ကလပ္ဘရုဂ်္ကို ရင္ဆိုင္ရယ့္ စိန္ေခၚမႈကို ေက်ာ္ျဖတ္ႏုိင္ဖို႔ ေသခ်ာေပါက္ လိုအပ္ပါတယ္ ” လို႔ ဘုိင္လီက အသင္းေဖာ္ေတြကို တိုက္တြန္းစိန္ေခၚမႈ ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။