မန္တလေးက KBZ ဘဏ်ခွဲတစ်ခု ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၂၀၀၀ ကျော် ပါသွား
March 25, 2024 | No Comments

မန္တလေး ချမ်းအေးသာစံ မြို့က KBZ ဘဏ်ခွဲတစ်ခု ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၂၀၀၀ ကျော် ပါသွား တယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့မနက် ၁၁ နာရီ ၁၈ မိနစ်အချိန် မှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄ လမ်း၊ ၃၁-၃၂ လမ်းအကြားမှာရှိတဲ့ မောရဂီဝါဘဏ်ခွဲ(မန္တလေးဘဏ်ခွဲ-၄၆) ကို လူ ၃ ဦးက လက်နက်များ ကိုင်ဆောင်လာပြီး ဓားပြဝင်တိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အမည်မသိ အမျိုးသား(၃)ဦးက ဆိုင်ကယ်(၂)စီးနဲ့ ရောက်လာပြီး လက်နက်တွေ နဲ့ ခြိမ်းခြောက်ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဘဏ်ဓါးပြတိုက်သူတွေဟာ ပစ္စတိုသေနတ် ၁ လက်နဲ့ ပုဆိန် ၁ လက်ကိုင်ဆောင်ပြီးဘဏ်ဝန်ထမ်းတွေ နဲ့ ဘဏ် ကိုရောက်နေသူတွေကို ခြိမ်းခြောက်ကာ ဘဏ်ကောင်တာအတွင်းမှ ဆာလာအိတ်တွေနဲ့ ငွေကျပ် သိန်း ၂၀၀၀ ကျော်ကို ဓါးပြတိုက် လုယူသွားခဲ့တယ်လို့ သိရပါတယ်။