၁၆ သင်းအဆင့် မဲခွဲမှု၊ ယူရိုပါလိဂ် နိုင်ပွဲ နောက်ဆက်တွဲတွေပါတဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ
အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်က ကလပ်ဘရုဂျ်ကို ဧည့်ခံကစားရာမှာ အစ်ဟာလို၊ ဖာနန်ဒက်စ်၊ တော်မီနေး၊ ဖရတ် တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၅-၀ နဲ့ အနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။
ဒီကနေ့ပွဲမှာ အသင်းကစားပြခဲ့တာက သူ ကစားစေလိုတဲ့ နည်းလမ်းပဲဖြစ်ကြောင်း အိုလီက ထုတ်ဖော်ပြောဆိုပြီး ခံစစ်က ဂိုးမပေးရအောင် စွမ်းဆောင်နိုင်မှုက အရေးပါတယ်လို့ ချီးကျူးလိုက်ပါတယ်။
နွေအပြောင်းအရွှေ့မှာ ယူနိုက်တက်က ဘာလို့များ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ မကြိုးစားခဲ့သလဲလို့ ပေါစခိုးက မေးခွန်းထုတ်လိုက်ပါတယ်။ ပေါ်တူဂီသားဟာ ကလပ်ကို ပြောင်းလာကတည်းက ထိပ်တန်းခြေစွမ်းတွေ ပြသနေတာ ဖြစ်ပါတယ်။
သူ့ရဲ့ သွင်းဂိုးက မကြာသေးခင်ကပဲ ကွယ်လွန်သွားတဲ့ ညီမဖြစ်သူအတွက် ရည်ရွယ်ပါကြောင်း အစ်ဟာလိုက ပွဲအပြီးမှာ ဝမ်းနည်းစွာပဲ ပြောဆိုပါတယ်။
ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကစားသမား ပွဲ ၅ ပွဲ ကစားထားပြီဖြစ်ပြီး အကောင်းဆုံး ကစားသမားဆုကို ၅ ကြိမ် ရယူထားပြီဖြစ်ပါတယ်။
အိုထရတ်ဖိုဒ့်မှာ ပွဲထွက်လူစာရင်းကနေ ပထမဆုံး ပါဝင်ခွင့်ရတဲ့ ပွဲမှာပဲ တိုက်စစ်မှူး အစ်ဟာလိုက သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဖရက်နဲ့ ပက်သက်ပြီး အိုလီက ” သူနောက်တစ်ကြိမ် ဂိုးသွင်းနိုင်ရင် အသက်ရှိပါဦးမလားတောင် ကျနော် မသေချာပါဘူး။ သူက အများကြီး အားထုတ်ခဲ့ရတယ် ” လို့ ဆိုသွားပါတယ်။
ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို အာဆင်နယ်၊ အေဂျက်၊ ဆဲလ်တစ်၊ ပေါ်တို၊ ဘင်ဖီကာအသင်းတို့ တက်ရောက်လာနိုင်ခြင်း မရှိတာကြောင့် ဒီနှစ်ရဲ့ ချန်ပီယံအဖြစ် ယူနိုက်တက်ကို အလေးပေးမှုက အတော်လေးကို မြင့်တက်သွားခဲ့ပါတယ်။
ယူရိုပါလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုကိုတော့ ဒီကနေ့မှာပဲ ဆွစ်ဇာလန်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ZAWGYI
အိုထရတ္ဖိုဒ့္မွာ ယူႏုိက္တက္က ကလပ္ဘရုဂ်္ကို ဧည့္ခံကစားရာမွာ အစ္ဟာလို၊ ဖာနန္ဒက္စ္၊ ေတာ္မီေနး၊ ဖရတ္ တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ၅-၀ နဲ႔ အႏုိင္ရရွိျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ခဲ့ပါတယ္။
ဒီကေန႔ပြဲမွာ အသင္းကစားျပခဲ့တာက သူ ကစားေစလိုတဲ့ နည္းလမ္းပဲျဖစ္ေၾကာင္း အိုလီက ထုတ္ေဖာ္ေျပာဆိုျပီး ခံစစ္က ဂိုးမေပးရေအာင္ စြမ္းေဆာင္ႏုိင္မႈက အေရးပါတယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။
ေႏြအေျပာင္းအေရႊ႔မွာ ယူႏုိက္တက္က ဘာလို႔မ်ား ဖာနန္ဒက္စ္ကို ေခၚယူဖို႔ မၾကိဳးစားခဲ့သလဲလို႔ ေပါစခိုးက ေမးခြန္းထုတ္လိုက္ပါတယ္။ ေပၚတူဂီသားဟာ ကလပ္ကို ေျပာင္းလာကတည္းက ထိပ္တန္းေျခစြမ္းေတြ ျပသေနတာ ျဖစ္ပါတယ္။
သူ႔ရဲ႕ သြင္းဂိုးက မၾကာေသးခင္ကပဲ ကြယ္လြန္သြားတဲ့ ညီမျဖစ္သူအတြက္ ရည္ရြယ္ပါေၾကာင္း အစ္ဟာလိုက ပြဲအျပီးမွာ ဝမ္းနည္းစြာပဲ ေျပာဆိုပါတယ္။
ဖာနန္ဒက္စ္ဟာ ယူႏုိက္တက္ကစားသမား ပြဲ ၅ ပြဲ ကစားထားျပီျဖစ္ျပီး အေကာင္းဆံုး ကစားသမားဆုကို ၅ ၾကိမ္ ရယူထားျပီျဖစ္ပါတယ္။
အိုထရတ္ဖိုဒ့္မွာ ပြဲထြက္လူစာရင္းကေန ပထမဆံုး ပါဝင္ခြင့္ရတဲ့ ပြဲမွာပဲ တိုက္စစ္မွဴး အစ္ဟာလိုက သြင္းဂိုးတစ္ဂိုး ရယူႏုိင္ခဲ့ျပီျဖစ္ပါတယ္။
ဖရက္နဲ႔ ပက္သက္ျပီး အိုလီက ” သူေနာက္တစ္ၾကိမ္ ဂိုးသြင္းႏုိင္ရင္ အသက္ရွိပါဦးမလားေတာင္ က်ေနာ္ မေသခ်ာပါဘူး။ သူက အမ်ားၾကီး အားထုတ္ခဲ့ရတယ္ ” လို႔ ဆိုသြားပါတယ္။
ယူရိုပါလိဂ္ ၁၆ သင္းအဆင့္ကို အာဆင္နယ္၊ ေအဂ်က္၊ ဆဲလ္တစ္၊ ေပၚတို၊ ဘင္ဖီကာအသင္းတို႔ တက္ေရာက္လာႏုိင္ျခင္း မရွိတာေၾကာင့္ ဒီႏွစ္ရဲ႕ ခ်န္ပီယံအျဖစ္ ယူႏုိက္တက္ကို အေလးေပးမႈက အေတာ္ေလးကို ျမင့္တက္သြားခဲ့ပါတယ္။
ယူရိုပါလိဂ္ ၁၆ သင္းအဆင့္ မဲခြဲမႈကိုေတာ့ ဒီကေန႔မွာပဲ ဆြစ္ဇာလန္မွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။