ဒဏ်ရာ ရ နောက်ထပ် စီးတီးအသင်းသား၊ နေမာ လို ဖြစ်လာမယ့် ဒိုကူ၊ မန်ယူနဲ့ အပြိုင်လုရမယ့် နောက်ခံလူနဲ့ မန်စီးတီး နောက်ဆုံးရ ထူးခြားသတင်းများ

မန်စီးတီးနဲ့ အင်္ဂလန် နောက်ခံလူ ဂျွန်စတုန်းတစ်ယောက် မနေ့ညက ဘယ်လ်ဂျီယံနဲ့ပွဲမှာ ဒဏ်ရာ ထပ်မံရရှိခဲ့တာကြောင့် နည်းပြ ဂွာဒီယိုလာအတွက် ခေါင်းခဲစရာ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။
ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းရဲ့ ဝါရင့် ညာနောက်ခံလူ မူနီယာက သူ့ရဲ့ နိုင်ငံ အသင်းဖော် ဖြစ်တဲ့ မန်စီးတီး အသင်းသား ဒိုကူဟာ လက်ရှိမှာ နေမာရဲ့ အဆင့်အတန်းမျိုး မရောက်သေးပေမယ့် အနာဂတ်မှာ နေမာလို ကမ္ဘာ့အဆင့် ကြယ်ပွင့် ကစားသမား ဖြစ်လာနိုင်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီးလ်တို့ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်က မန်ချက်စတာ စီးတီးနဲ့ အင်္ဂလန်တို့ရဲ့ ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာဟာ သူ့ရဲ့ အခက်ခဲဆုံးပြိုင်ဘက် ဖြစ်ကြောင်း အင်္ဂလန် ဝ-၁ ဘရာဇီးလ် ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အဲဗာတန် အသင်းနောက်ခံလူ ဘရိတ်ဝိတ်ကို ပေါင် သန်း ၆၀ အထိ ပေးချေခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သတင်းရရှိပါတယ်။ ၎င်းကို မန်ယူအသင်းကလည်း ပစ်မှတ်ထားနေပြီး စီးတီးနဲ့ အပြိုင် ခေါ်ကြဖို့ ရှိနေပါတယ်။
မန်စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ ကတော့ အခုလာမယ့် နိုင်ငံတကာ ရက်သတ္တပတ် ကာလမှာ သူ့ ကစားသမားတွေ ဒဏ်ရာ ပြဿနာ မရှိဘဲ ပြန်ရောက်လာဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။
မန်စီးတီးကနေ ဘာစီလိုနာအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတဲ့ နောက်ခံအစွန်လူ ဂျာအို ကန်ဆယ်လိုက မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက သူ့အကြောင်း လိမ်ပြောခဲ့ပြီး မန်စီးတီးကလည်း သူ့ကို ကျေးဇူးကန်းခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။