ကမ္ဘာကျော်ပေမယ့် လည်ပတ်လို့ မကောင်းတဲ့ မြို့ကြီး (၅) မြို့

အခုပြောပြပေးမယ့် အကြောင်းအရာက ခရီးသွားတွေကို နောက်တစ်ခါ လာမလည်ချင်လောက်အောင် ဖြစ်စေတဲ့ နာမည်ကြီး မြို့တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်မြို့တွေပါမလဲ လေ့လာကြည့်ရအောင်နော်။

၁။ ပဲရစ်မြို့ ( ပြင်သစ်နိုင်ငံ )

ပဲရစ်မြို့ဟာဆိုရင် ကမ္ဘာပေါ်က အထင်ကရ မြို့တစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တဲ့ နေရာ အများအပြား ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ် ။ ဒါပေမယ့် ပဲရစ်မြို့ရဲ့ အဓိက ဆိုးကျိုး အချက်ကတော့ လာရောက်လည်ပတ်တဲ့ ခရီးသည်တွေ များပြားလွန်းတာကြောင့် နေရာတိုင်း ၊ လမ်းတိုင်းလိုလိုမှာ လူတွေအများကြီးနဲ့ ပြည့်ညပ်နေတာလည်း ဖြစ်ပါတယ်။

ခရီးသွားအများစုကလည်း ဒီအချက်ကို ထောက်ခံကြပြီး နောက်တစ်ခေါက် လာမလည်ချင်လောက်အောင် ဖြစ်မိတယ်လို့ ဆိုကြပါတယ် ။ အချက်အလက်တွေအရ ပဲရစ်မြို့ကို နှစ်စဉ်လာရောက် လည်ပတ်တဲ့ ခရီးသည်ပေါင်း ၁.၆ သန်း လောက် ရှိတယ်လို့ သိရပါတယ်။

၂။ ဒေလီမြို့ ( အိန္ဒိယနိုင်ငံ )

အိန္ဒိယနိုင်ငံရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ဒေလီနဲ့ပတ်သက်လို့ ခရီးသွားအများစု သတိထားမိတဲ့ အချက်ကတော့ ဒေလီမြို့ဟာ မသန့်ရှင်းသလို ၊ လူတွေ အများကြီးနဲ့ ပြည့်ကျပ်နေပြီး တစ်ချို့နေရာတွေ ဆိုရင်လည်း အန္တရာယ်များတယ်လို့ ပြောကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ခရီးသွားတွေကို ဟိုတယ်ကနေ ညဘက်အချိန်မှာ အပြင်မထွက်ဖို့နဲ့ တရားမဝင် တက္ကစီတွေကို မငှားရမ်းမိဖို့ အကြံပေးထားပါတယ်။

၃။ ဗင်းနစ်မြို့ ( အီတလီနိုင်ငံ )

ဗင်းနစ် မြို့ဟာဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်တာ များပြားလွန်းလို့ ၂၀၃၀ ခုနှစ်ရောက်ရင် ဒီနေရာမှာ ဒေသခံတွေ နေကြတော့မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ မြို့တွင်းရဲ့ တစ်ရက်တာ ခရီးစဉ်မှာ လည်ပတ်စရာနေရာတွေ အများကြီးရှိတာမို့ နေရာအစုံ လည်ဖို့က မလွယ်ပါဘူး။ ခရီးသွားတွေ အများကြီးရှိတဲ့အပြင် စျေးနှုန်းတွေကလည်း မြင့်မားလွန်းတာကြောင့် အနည်းငယ်တော့ စိတ်ပျက်သွားမိမှာ အမှန်ပါပဲ။

၄။ ဆန်တိုရီနီ ( ဂရိနိုင်ငံ )

ဆန်တိုရီနီ ဆိုတာ ဂရိနိုင်ငံတောင်ပိုင်းက သေးငယ်တဲ့ ကျွန်းလေးတစ်ခု ဖြစ်ပြီး ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီကျွန်းသေးသေးလေးကို နှစ်စဉ် ခရီးသွား ၅ သိန်းထက်မနည်း လာရောက်လည်ပတ်ကြတာကြောင့် ခရီးသွားတွေနဲ့ ပြည့်ကျပ်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုပြသနာတွေကြောင့်ပဲ ဂရိအစိုးရက ကျွန်းကို လာရောက်လည်ပတ်နိုင်ဖို့အတွက် သင်္ဘောကို အရေအတွက် ကန့်သတ်ပြီး ထားပေးထားရပါတယ်။

၅။ ဒူဗရော့ဗ်နစ်ခ်မြို့ ( ခရိုအေးရှား နိုင်ငံ )

နာမည်ကြီး စီးရီးတစ်ခုဖြစ်တဲ့ Game of Thrones ရဲ့ Episode တစ်ခုကို ဒီမြို့လေးမှာ ရိုက်ကူးပြီးတဲ့ နောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ နာမည်ကျော်ကြားလာခဲ့တာပဲ ဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တွေ အများကြီး လာရောက်လည်ပတ်လို့ ယူနက်စကို အဖွဲ့စည်းကြီးကတောင် တစ်ရက်ကို လူအယောက် ( ၄၀၀၀ ) သာ လည်ပတ်ဖို့ သတ်မှတ်ပေးထားခဲ့ရပါတယ်။