အိုထရတ်ဖိုဒ့်မှာ ပထမဆုံးသွင်းဂိုး ရယူနိုင်ခဲ့တဲ့ အစ်ဟာလိုရဲ့ ကြေကွဲဖွယ်ရာ ပီတိစကား

မနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူနိုက်တက်နဲ့ ကလပ်ဘရုဂျ်ပွဲမှာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာခဲ့သလို အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အစ်ဟာလိုဟာ ညီမဖြစ်သူရဲ့ ပုံပါ တီရှပ်ကို ပြသပြီး အောင်ပွဲခံခဲ့ပါတယ်။

ငယ်စဉ်တည်းက ယူနိုက်တက်ကို အမာခံ အားပေးတဲ့ အစ်ဟာလိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာကပဲ ညီမဖြစ်သူကို ဆုံးရံှူးထားရတာပါ။ သူကော သူ့ညီမကပါ ယူနိုက်တက် အမာခံ ပရိသတ်တွေဖြစ်ပြီး တစ်ရက်မှာ အိုထရတ်ဖိုဒ့်မှာ ကစားခွင့်ဆိုတာအတွက် နှစ်ဦးလုံးက စိတ်ကူးယဉ်ခဲ့ကြတာဖြစ်ပါတယ်။

အစ်ဟာလိုက ပြောရာမှာ ” ဒီတီရှပ်က ကျနော်ရဲ့ ညီမငယ်အတွက် ရည်ရွယ်ပါတယ်။ ဒီဇင်ဘာတုန်းက ညီမဖြစ်သူကို ကျနော် ဆုံးရံှူးခဲ့ရတယ်။ သူက ကျနော်အပေါ် အရမ်းကောင်းပြီး ယူနိုက်တက်ပရိသတ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ကျနေ်ာတို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် ကျနော်က ယူနိုက်တက်အသင်းသား ဖြစ်လာတာကို သူမ မြင်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါက အတော်လေးကို ခံစားရပါတယ်ဗျာ။

ကျနော် သွင်းယူတဲ့ ဂိုးတိုင်းက သူမအတွက် ရည်ရွယ်တယ်လို့ ကိုယ်ဘာသာ ကတိပေးခဲ့တယ်။ ဒီတော့ သူမက ကောင်းကင်ဘုံကနေ ကျနော် ယူနိုက်တက်အတွက် ကောင်းကောင်းလုပ်ပေးနေတာကို မြင်တွေ့နိုင်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်နေဂျာအိုလီကလည်း ” အစ်ဟာလိုက တိုက်စစ်ကနေ ကစားခဲ့ပြီး သူသွင်းယူခဲ့တဲ့ သွင်းဂိုးက ကျနော်တို့ သူ့ကို ဘာလို့ လိုချင်ရသလဲဆိုတာအတွက် ဥပမာကောင်းပါပဲ။ သူက ဘောလုံးကို ကိုင်ထားနိုင်ပြီး ဒါက ကျနေ်ာတို့မှာ အားနည်းနေတဲ့ ကစားသမားမျိုးပဲ ဖြစ်ပါတယ် ” လို့ ထုတ်ဖော် ချီးကျူးခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္ခဲ့တဲ့ ယူႏုိက္တက္နဲ႔ ကလပ္ဘရုဂ်္ပြဲမွာ ပြဲထြက္လူစာရင္းကေန ပါဝင္လာခဲ့သလို အဖြင့္ဂိုး သြင္းယူႏုိင္ခဲ့တဲ့ အစ္ဟာလိုဟာ ညီမျဖစ္သူရဲ႕ ပံုပါ တီရွပ္ကို ျပသျပီး ေအာင္ပြဲခံခဲ့ပါတယ္။

ငယ္စဥ္တည္းက ယူႏုိက္တက္ကို အမာခံ အားေပးတဲ့ အစ္ဟာလိုဟာ ျပီးခဲ့တဲ့ ဒီဇင္ဘာကပဲ ညီမျဖစ္သူကို ဆံုးရံွဴးထားရတာပါ။ သူေကာ သူ႔ညီမကပါ ယူႏုိက္တက္ အမာခံ ပရိသတ္ေတြျဖစ္ျပီး တစ္ရက္မွာ အိုထရတ္ဖိုဒ့္မွာ ကစားခြင့္ဆိုတာအတြက္ ႏွစ္ဦးလံုးက စိတ္ကူးယဥ္ခဲ့ၾကတာျဖစ္ပါတယ္။

အစ္ဟာလိုက ေျပာရာမွာ ” ဒီတီရွပ္က က်ေနာ္ရဲ႕ ညီမငယ္အတြက္ ရည္ရြယ္ပါတယ္။ ဒီဇင္ဘာတုန္းက ညီမျဖစ္သူကို က်ေနာ္ ဆံုးရံွဴးခဲ့ရတယ္။ သူက က်ေနာ္အေပၚ အရမ္းေကာင္းျပီး ယူႏုိက္တက္ပရိသတ္ တစ္ဦးလည္း ျဖစ္ပါတယ္။ ဒီအခြင့္အေရးကို က်ေန္ာတို႔ ေမွ်ာ္လင့္ခဲ့ၾကတာပါ။ ဒါေပမယ့္ က်ေနာ္က ယူႏုိက္တက္အသင္းသား ျဖစ္လာတာကို သူမ ျမင္ႏုိင္ျခင္း မရွိေတာ့ပါဘူး။ ဒါက အေတာ္ေလးကို ခံစားရပါတယ္ဗ်ာ။

က်ေနာ္ သြင္းယူတဲ့ ဂိုးတိုင္းက သူမအတြက္ ရည္ရြယ္တယ္လို႔ ကိုယ္ဘာသာ ကတိေပးခဲ့တယ္။ ဒီေတာ့ သူမက ေကာင္းကင္ဘံုကေန က်ေနာ္ ယူႏုိက္တက္အတြက္ ေကာင္းေကာင္းလုပ္ေပးေနတာကို ျမင္ေတြ႔ႏုိင္ပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မန္ေနဂ်ာအိုလီကလည္း ” အစ္ဟာလိုက တိုက္စစ္ကေန ကစားခဲ့ျပီး သူသြင္းယူခဲ့တဲ့ သြင္းဂိုးက က်ေနာ္တုိ႔ သူ႔ကို ဘာလို႔ လိုခ်င္ရသလဲဆိုတာအတြက္ ဥပမာေကာင္းပါပဲ။ သူက ေဘာလံုးကို ကိုင္ထားႏုိင္ျပီး ဒါက က်ေန္ာတို႔မွာ အားနည္းေနတဲ့ ကစားသမားမ်ိဳးပဲ ျဖစ္ပါတယ္ ” လို႔ ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ေသးတာ ျဖစ္ပါတယ္။