စူပါဆန်းဒေးမှာ မန်စီးတီးကို အာဆင်နယ်တို့ နိုင်အောင် ဘယ်လို ဗျူဟာခင်းရမလဲ အကြံပေးနေတဲ့ ကလစ်ချီ
မန်စီးတီးနဲ့ အာဆင်နယ် နှစ်သင်းလုံး မှာ ကစားခဲ့တဲ့ ပြင်သစ်သား အစွန်လူဟောင်း ကလစ်ချီကတော့ တနင်္ဂနွေနေ့ ပွဲကြီးပွဲကောင်းမှာ နှစ်သင်း နည်းပြတွေလုပ်နိုင်တဲ့ အမှားတွေကို ပွဲကြို ထောက်ပြ သုံးသပ်လာပါတယ်။
ကလစ်ချီက ‘ အာဆင်နယ်က မန်စီးတီး ခံစစ်ကို ထိုးဖောက်ဖို့အတွက် သတ္တိရှိရပါမယ်။ မျက်နှာချင်းဆိုင် ရင်ဆိုင်ရဲရမယ်၊ စီးတီးကို အဲ့လို ရင်ဆိုင်ရဲတာလည်း လီဗာပူးနဲ့ အာဆင်နယ်ပဲ ရှိပါတယ်။
မန်စီးတီးကို ဘောလုံးပေးကိုင်ပြီး ကောင်တာကစားဖို့ ရွေးချယ်ရင်တော့ အာတီတာက ကြောက်စရာကောင်းလှတဲ့ အမှားတစ်ခုကို လုပ်မိတာပဲဖြစ်လိမ့်မယ်။
တနင်္ဂနွေနေ့ပွဲကို အာဆင်နယ်တို့ ရှုံးလို့မရပါဘူး။ သရေဆိုရင်တော့ မန်စီးတီးကို ဆက်ပြီး ဦးဆောင်ထားနိုင်မှု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မန်စီးတီးလို အသင်းကို ရင်ဆိုင်ရာမှာ သရေတစ်မှတ်က လုံလောက်ပါ့မလား မသေချာပါဘူး။
အာဆင်နယ်အနေနဲ့ အားထုတ်ပြီး ၃ မှတ်ယူရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ မန်စီးတီးကို ၅ မှတ်ဖြတ်ထားရင်တောင် မှ ဖလားရမယ်လို့ အာမခံချက် မရှိလို့ပါပဲ။
မန်စီးတီးအသင်းရဲ့ အားနည်းချက်က သူတို့ ဘောလုံးကိုင်ထားချိန်မှာပါပဲ။ သူတို့ second ball တွေ ဆုံးရှုံးလေ့ရှိသလို အပြောင်းအလဲတွေကနေ သူတို့ကို ထိုးနှက်လို့ရပါတယ်။
ဆာကာနဲ့ မာတင်နယ်လီတို့က စီးတီးတို့ ကစားပုံ အပြောင်းအလဲတွေကို ကြားဝင် ထိုးနှက်လို့ရပါတယ်။ ဘောလုံးကို ကိုင်ထားပြီး နေရာလွတ်တွေကနေ စီးတီးခံစစ်ကို ကျော်ဖြတ်ပြေးဖို့၊ ရမှတ်တွေရယူဖို့ အာဆင်နယ် လုပ်နိုင်ပါတယ်။ ’ လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။