ဘရူနို ဖာနန်ဒက်စ်ကြောင့် ယူနိုက်တက်ပွဲတွေက ကြည့်ချင်စရာ ကောင်းလာတယ်

ယူနိုက်တက်ရဲ့ ပေါ်တူဂီသား ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ် ခြေစွမ်းကို ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါစခိုးလ်က အထူး အားရ ကျေနပ်နေပြီး အသင်းကို ကြည့်ချင်စရာကောင်းလာအောင် ဖာနန်ဒက်စ်က အသက်သွင်းပေးနိုင်ခဲ့တယ်လို့ ချီးကျူးစကား ဆိုလိုက်ပါတယ်။

ညက ကလပ်ဘရုစ်နဲ့ ပွဲမှာ ဖာနန်ဒက်စ် ယူနိုက်တက် ဂျာစီနဲ့ ၎င်းရဲ့ ဒုတိယဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်နဲ့ အတူ ဇန်နဝါရီမှာ ရောက်လာခဲ့တဲ့ တိုက်စစ်မှူးသစ် အစ်ဟာလိုလည်း ဂိုးသွင်းနိုင်ခဲ့ပြီး ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ငါးဂိုးပြတ်နဲ့ ပြိုင်ဘက်ကို အနိုင်ယူပြီး ယူရိုပါလိဂ် နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၆ ပွဲ ဆက် ရှုံးပွဲ မရှိဘဲ ပုံစံကောင်းတွေ ပြန်လည် ရရှိထားပါတယ်။ ဖာနန်ဒက်စ်ဟာ သူ့အတွက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်စွာ ယူနိုက်တက်မှာ အစွမ်းပြနေပြီး ထိုပုံစံအတိုင်း ဆက်ရှိနေဖို့ စခိုးလ်က မျှော်လင့်ထားပါတယ်။

” ဒီညပွဲကတော့ စွမ်းဆောင်ရည်ကောင်းတွေနဲ့ ပြီးပြည့်စုံတဲ့ ပွဲပါ။ ဖာနန်ဒက်စ်ကတော့ ထူးချွန်ပြီး သတိပြုဖွယ် အစွမ်းပြခဲ့တယ်။ နေရာယူမှုတွေရော ကစားပုံတွေမှာပါ ထိန်းချုပ်နိုင်ခဲ့တယ်။ သူ့ကို ကြည့်နေရတာ ယူနိုက်တက်ကို ပြန် အသက်သွင်းလိုက်သလိုပဲ။ အရင်ကဆို ကြည့်ချင်စဖွယ်တောင် မကောင်း ဖြစ်နေတဲ့ အသင်းကို ရင်ခုန် စိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ ထိုင်ကြည့်ချင်စရာ အသင်း တစ်သင်း ဖြစ်လာအောင် သူ ပြောင်းပစ်လိုက်တယ်။

ဖာနန်ဒက်စ်လို ကစားသမား တစ်ယောက် ဝင်လာတဲ့အခါ အားလုံးကလည်း လိုက်ပြီး အသက်ဝင် လှုပ်ရှားလာတယ်။ ကစားသမား တစ်ယောက်က နေရာ ဒေသမတူတဲ့ဆီ ပြောင်းလာရင် အချိန်ယူရတယ်။ ဖာနန်ဒက်စ်ကတော့ မြန်မြန်ပဲ အသားကျနေပြီး လက်ကျန် ရာသီမှာလည်း ဒီလိုပဲ ဆက်သွားဖို့ မျှော်လင့်ပါတယ်။

ဘရူနိုနဲ့ ပတ်သတ်ပြီး ဘာသဘောကျလဲ မေးလာရင် အခုထိတော့ အကုန်လုံးပဲ။ ဖန်တီးနိုင်စွမ်း။ သူက ကွင်းထဲက အခြေအနေကို ကောင်းကောင်း ဖတ်နိုင်တယ်။ ဘောလုံးက သူ့ဆီမလာခင်ဘဲ သူ့ပတ်ဝန်းကျင်မှာ ဘယ်လို သိထားနေပြီ။ လုံး၀ အံ့အားသင့်ဖွယ်ပဲ။ ” လို့ စခိုးလ်က အားရစွာ ချီးကျူးခဲ့ပါတယ်။

ယူရိုပါလိဂ်မှာ ဂိုးပြတ် နိုင်ပွဲကြီး ယူခဲ့ပြီးနောက် ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေနေ့မှာတော့ ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်ကို သွားရောက် ရင်ဆိုင် ကစားရဦးမှာ ဖြစ်ပြီး အဆင့် ၄ နေရာ အတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ရဲ႕ ေပၚတူဂီသား ကြင္းလယ္ကစားသမား ဘရူနို ဖာနန္ဒက္စ္ ေျခစြမ္းကို ယူနိုက္တက္ ကြင္းလယ္ေဟာင္း ေပါစခိုးလ္က အထူး အားရ ေက်နပ္ေနျပီး အသင္းကို ၾကည့္ခ်င္စရာေကာင္းလာေအာင္ ဖာနန္ဒက္စ္က အသက္သြင္းေပးနုိင္ခဲ့တယ္လို႔ ခ်ီးက်ဴးစကား ဆုိလိုက္ပါတယ္။

ညက ကလပ္ဘရုစ္နဲ႕ ပြဲမွာ ဖာနန္ဒက္စ္ ယူနိုက္တက္ ဂ်ာစီနဲ႕ ၄င္းရဲ႕ ဒုတိယဂိုး သြင္းယူနုိင္ခဲ့ပါတယ္။ ဖာနန္ဒက္စ္နဲ႕ အတူ ဇန္န၀ါရီမွာ ေရာက္လာခဲ့တဲ့ တိုက္စစ္မွဴးသစ္ အစ္ဟာလိုလည္း ဂိုးသြင္းနုိင္ခဲ့ျပီး ယူနိုက္တက္ဟာ အိုးထရက္ဖို႔ဒ္မွာ ငါးဂိုးျပတ္နဲ႕ ျပိဳင္ဘက္ကို အနုိင္ယူျပီး ယူရိုပါလိဂ္ ေနာက္တစ္ဆင့္ကို ထိုက္ထိုက္တန္တန္ တက္ေရာက္သြားခဲ့ပါတယ္။

ယူနိုက္တက္ဟာ ေနာက္ဆံုး ကစားထားတဲ့ ျပိဳင္ပြဲစံု ၆ ပြဲ ဆက္ ရွံဳးပြဲ မရွိဘဲ ပံုစံေကာင္းေတြ ျပန္လည္ ရရွိထားပါတယ္။ ဖာနန္ဒက္စ္ဟာ သူ႔အတြက္ ေပးခဲ့ရတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႕ ထိုက္တန္စြာ ယူနိုက္တက္မွာ အစြမ္းျပေနျပီး ထိုပံုစံအတိုင္း ဆက္ရွိေနဖို႔ စခိုးလ္က ေမွ်ာ္လင့္ထားပါတယ္။

” ဒီညပြဲကေတာ့ စြမ္းေဆာင္ရည္ေကာင္းေတြနဲ႕ ျပီးျပည့္စံုတဲ့ ပြဲပါ။ ဖာနန္ဒက္စ္ကေတာ့ ထူးခၽြန္ျပီး သတိျပဳဖြယ္ အစြမ္းျပခဲ့တယ္။ ေနရာယူမႈေတြေရာ ကစားပံုေတြမွာပါ ထိန္းခ်ဳပ္နုိင္ခဲ့တယ္။ သူ႔ကို ၾကည့္ေနရတာ ယူနိုက္တက္ကို ျပန္ အသက္သြင္းလိုက္သလိုပဲ။ အရင္ကဆို ၾကည့္ခ်င္စဖြယ္ေတာင္ မေကာင္း ျဖစ္ေနတဲ့ အသင္းကို ရင္ခုန္ စိတ္လႈပ္ရွားစရာေတြ အျပည့္နဲ႕ ထိုင္ၾကည့္ခ်င္စရာ အသင္း တစ္သင္း ျဖစ္လာေအာင္ သူ ေျပာင္းပစ္လိုက္တယ္။

ဖာနန္ဒက္စ္လို ကစားသမား တစ္ေယာက္ ၀င္လာတဲ့အခါ အားလံုးကလည္း လိုက္ျပီး အသက္၀င္ လႈပ္ရွားလာတယ္။ ကစားသမား တစ္ေယာက္က ေနရာ ေဒသမတူတဲ့ဆီ ေျပာင္းလာရင္ အခ်ိန္ယူရတယ္။ ဖာနန္ဒက္စ္ကေတာ့ ျမန္ျမန္ပဲ အသားက်ေနျပီး လက္က်န္ ရာသီမွာလည္း ဒီလိုပဲ ဆက္သြားဖို႔ ေမွ်ာ္လင့္ပါတယ္။

ဘရူနိုနဲ႕ ပတ္သတ္ျပီး ဘာသေဘာက်လဲ ေမးလာရင္ အခုထိေတာ့ အကုန္လံုးပဲ။ ဖန္တီးနုိင္စြမ္း။ သူက ကြင္းထဲက အေျခအေနကို ေကာင္းေကာင္း ဖတ္နုိင္တယ္။ ေဘာလံုးက သူ႔ဆီမလာခင္ဘဲ သူ႔ပတ္၀န္းက်င္မွာ ဘယ္လို သိထားေနျပီ။ လံုး၀ အ့ံအားသင့္ဖြယ္ပဲ။ ” လို႕ စခိုးလ္က အားရစြာ ခ်ီးက်ဴးခဲ့ပါတယ္။

ယူရိုပါလိဂ္မွာ ဂိုးျပတ္ နုိင္ပြဲၾကီး ယူခဲ့ျပီးေနာက္ ယူနိုက္တက္ဟာ လာမယ့္ တနဂၤေႏြေန႔မွာေတာ့ ဂြတ္ဒီဆင္ပါ့ခ္မွာ အဲဗာတန္ကို သြားေရာက္ ရင္ဆိုင္ ကစားရဦးမွာ ျဖစ္ျပီး အဆင့္ ၄ ေနရာ အတြက္ အေရးပါတဲ့ ပြဲစဥ္လည္း ျဖစ္ပါတယ္။