ပေါ်တူဂီဖိုက်တာ မူးမေ့ ယိမ်းထိုးသွားရသည်ထိ အလဲထိုးပြီး နိုင်ပွဲယူတဲ့ သံမဏိစိုးလင်းဦး (ထိုးပွဲ ဗီဒီယိုဖိုင် ပါဝင်ပါတယ်)

One Friday Fight (57) ပွဲစဉ်တွင် မြန်မာ့ရိုးရာလက်ဝှေ့ကျော် သံမဏိ စိုးလင်းဦးနဲ့ ပြိုင်ဘက် ပေါ်တူဂီနိုင်ငံသားတို့ရဲ့ ထိုးပွဲကတော့ ဒုတိယအချီတွင် အလဲထိုးဖြင့် ပွဲအဖြေ ပြတ်သားခဲ့ပါတယ်။

စိုးလင်းဦးဟာ ပေါ်တူဂီ ဖိုက်တာ Fabio ကို ပထမအချီတွင် မတော်တဆ လက်နဲ့ မျက်လုံးနှိုက်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ လက်ရည်စမ်းခဲ့ကြတဲ့ အဲ့ဖြစ်ရပ်နောက်ပိုင်း စိုးလင်းဦးက အသားစီးဖြင့် ထိုးနိုင်ခဲ့သော်လည်း ပြိုင်ဘက်ဖြစ်သူမှာ ပထမအချီပြီးသည်အထိ ပြန်လည်ယှဥ်ပြိုင်နိုင်ခဲ့ပါတယ်။

ဒုတိယအချီမှာတော့ စိုးလင်းဦးက ပွဲကို သေချာအာရုံစူးစိုက်ပြီး သေသေချာချာ ကစားခဲ့တာကို တွေ့ရပါတယ်။ သူ့ရဲ့ ပြင်းထန် တိကျလှတဲ့ ထိုးချက်ကို ဖေဘီယို လုံးဝ မခံနိုင်ခဲ့ဘဲ နောက်ကို ပြစ်လဲကျသွားကာ အမှတ်စဉ် ရေတွက်ချိန်မှာ မူးဝေနေခဲ့တာကြောင့် ဒိုင်ပွဲဖြစ်ဖြင့် အရှုံးပေးခဲ့ပါတယ်။

သံမဏိ စိုးလင်းဦးဟာ နာမည်နဲ့လိုက်အောင် မာဂုဏ်ကို ပြသခဲ့ပြီး သူအကောင်းဆုံး ထိုးနိုင်ဖို့ အခွင့်အရေးကို စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့သလို အဲ့အတွင်း ပေါ်တူဂီသားရဲ့ ကန်ချက် ထိုးချက်တွေကို ကြံ့ကြံ့ခံပြခဲ့ပါတယ်။

မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးသည် One Championship ဒုတိယအကြိမ် ပွဲစဉ်အဖြစ် လက်တွဲခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး ပထမအကြိမ်တွင်လည်း ပြိုင်ဘက်ကို အလဲထိုးကာ ဘောနပ်ဆုကြေး ဘတ်(၃) သိန်းခွဲကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

ဒီပွဲမှာတော့ စိုးလင်းဦး ဆုကြေး ဘတ်(၃) သိန်းခွဲ ရမရကို One က ထုတ်ပြမသွားသလို အင်တာဗျူးမေးတာကိုလည်း ပြသမသွားခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် စိုးလင်းဦးကတော့ မြန်မာဖိုက်တာတွေရဲ့ မာကျောမှုနဲ့ ရိုးသားမှုကို ပြသသွားခဲ့ပြီဖြစ်ပါတယ်။