ဆရာကြီး ပေါမာဆန်ကတော့ ဒီအပတ် မန်စီးတီး – အာဆင်နယ် ပွဲ ဘယ်လိုရလဒ်ထွက်မလဲ ဟောကိန်းထုတ်ပါပြီ

ဒီ အပတ် ပရီးမီးယားလိဂ်မှာတော့ စူပါဆန်းဒေး ပွဲကောင်း အဖြစ် မန်စီးတီးနဲ့ အာဆင်နယ်တို့ အီတီဟက်မှာ ထိပ်တိုက်တွေ့တဲ့ ပွဲ ရှိနေပါတယ်။ ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကြမှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်စီးတီး – အာဆင်နယ် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

စတုန်းနဲ့ ဝေါ်ကာတို့ မကစားနိုင်ရင် ဒီပွဲ အာဆင်နယ်အသင်း ရလဒ် တစ်ခုခု မယူနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ တကယ်လို့ အဲ့ကစားသမားတွေ အားလုံး ကြံခိုင်နေမယ်ဆိုရင် ဒီပွဲ မန်စီးတီးပဲ နိုင်သွားပါလိမ့်မယ်။ ဒီပွဲရဲ့ ရလဒ်က ဒီဘရိုင်း၊ ဝေါ်ကာနဲ့ စတုန်းတို့ရဲ့ ကြံခိုင်မှုအပေါ် မူတည်နေပါတယ်။

တစ်သင်းလုံး အရည်အချင်းမှာ အာဆင်နယ်က မန်စီးတီးနောက်မှာပဲ ရှိနေဆဲပါ။ မနှစ်က ဒီဇင်ဘာမှာ အက်စတွန်ဗီလာကို ရှုံးပြီးတည်းက ၁၉ ပွဲနိုင် ၃ ပွဲ သရေကျထားတဲ့ အသင်းကို အာဆင်နယ်တို့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လူတိုင်းကတော့ အီတီဟတ်မှာ အာဆင်နယ်အသင်း ရလဒ်ကောင်းတစ်ခု ရဖို့ မျှော်လင့်နေတာကို သိပါတယ်။ ဒါပေမယ့် စီးတီးတို့ ကြံ့ခိုင်နေရင် အဲ့လို လုပ်နိုင်ဖို့ ခက်ခဲပါတယ်။ လီဗာပူးပရိသတ်တွေတောင်မှ အာဆင်နယ်ကို အနိုင်ရစေချင်မှာပါ။ ဒီပွဲပြီးရင် မန်စီးတီးက ဆက်တိုက် ပွဲချောင်သွားပြီလေ။

ဒီအပတ် အာဆင်နယ်ကို အနိုင်ရမယ်ဆိုရင် မန်စီးတီးက နောက်ထပ် ဖလား ၃ လုံး အောင်မြင်သွားတော့မှာပါ။ ဒီအပတ်ရဲ့ အကောင်းဆုံးပွဲဖြစ်ပါတယ်။

နှစ်သင်းကြား ဂိုးကွာခြားချက်က သိပ်ကြီးနေတယ်။ ဒီပွဲ အာဆင်နယ်နိုင်ရင် စီးတီးကို ၄ မှတ်ဖြတ်နိုင်မယ် ဖလားပြိုင်ဆိုင်မှုကို ကြီးကြီးမားမား သက်သေပြမှုဖြစ်လိမ့်မယ်။ ကျနော်ကတော့ သရေကျမယ် ထင်တာပါပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်

မန်ချက်စတာ စီးတီး ၁-၁ အာဆင်နယ် ဖြစ်ပါတယ်။