မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ နေရာတွေအတွက် ရွေးချယ်မှု ရလဒ် ထွက်ပေါ်

ရန်ကုန်၊ နိုဗိုတယ်ဟိုတယ်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌနေရာတွေ အတွက် ပြန်လည်မဲပေးရွေးချယ်ရာမှာ ယခင် ဥက္ကဋ္ဌ ဦးဇော်ဇော်ကပဲ ပြန်လည် အရွေးခံခဲ့ရပါတယ်။
ဒီကနေ့ ၂၀၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ပြုလုပ်တဲ့ ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌရာထူးအတွက် ယှဥ်ပြိုင်သူမရှိတာကြောင့် လက်ရှိ ဥက္ကဋ္ဌ ဦးဇော်ဇော်ကပဲဆက်ပြီး တာဝန်ယူမှာဖြစ်ပါတယ်။
ဒုတိယဥက္ကဋ္ဌ နေရာတွေမှာတော့ ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ထူးဂရုကုမ္ပဏီ က ဦးပြည့်ဖြိုးတေဇနဲ့ ရှမ်းယူနိုက်တက်အသင်းပိုင်ရှင် ဝမင်းကုမ္ပဏီ ဥက္ကဋ္ဌ က ခွန်နောင်မြင့်ဝေတို့ဖြစ်ပါတယ်။
ဦးဇော်ဇော်ဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးကို ၂၀၀၅ ခုနှစ်ကစတင်တာဝန်ယူတာဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ ၁၈ နှစ်တာ တာဝန်ယူခဲ့ပြီးပြီဖြစ်ပါတယ်။ အခုနှစ်မှာလည်း ဥက္ကဋ္ဌရာထူး ကို ယှဥ်ပြိုင်သူမရှိတာကြောင့် ၂၀၂၄ ခုနှစ်ကစပြီး နောက်ထပ် ၄ နှစ်တာဝန်ယူမှာဖြစ်ပါတယ်။
ဒီကနေ့ မဲပေးရွေးချယ်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA နဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တက်ရောက်တယ်လို့ သိရပါတယ်။