အီတီဟတ်မှာ အာဆင်နယ် အနိမ့်ဆုံး သရေ ယူနိုင်မယ်၊ ဟာဗက်ဇ် ဂိုးသွင်းမယ် လို့ အပိုင်ပြောလိုက်တဲ့ ဂန်းနားဟောင်းကြီး

အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ဂိုးသမားဟောင်းကြီး ဒေးဗစ်ဆီးမန်း ကတော့ ဒီတစ်ပတ် မန်စီးတီး နဲ့ ပွဲမှာ သူ့အသင်းဟောင်း အာဆင်နယ် က အမှတ် ရယူ နိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

ဒီပွဲမှာ ဂန်းနားတို့ မနိုင်ရင်တောင် သရေ တစ်မှတ် ရယူနိုင်မယ်လို့ ဆီးမန်း က သုံးသပ်လိုက်ပြီး အာဆင်နယ် အတွက် ဂိုးသွင်းမယ့် သူကိုပါ တပါတည်း ခန့်မှန်းသွားပါတယ်။

” ကျနော်ကတော့ အာဆင်နယ် အသင်း အပေါ် ယုံကြည်မှု လုံးဝ ရှိပါတယ်။ မနှစ်က ကြုံတွေ့ခဲ့တာတွေ နှင့် ဒီနှစ်ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေကြောင့်ပါ။ အခု အချိန်မှာ အသင်း အပေါ် ပိုပြီး ယုံကြည်မှု ရှိလာပါပြီ။

မနှစ်က အီတီဟက်မှာ ကျနော်တို့ သင်ခန်းစာတွေ ရခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ ကျနော်တို့ မနှစ်က အတွေ့အကြုံတွေ ကနေ သင်ယူပြီး ဒီထက် ပိုကောင်းအောင် လုပ်ပြ နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ အနေနဲ့ အနိုင် သို့မဟုတ် သရေ ရအောင် ကစား နိုင်မှာပါ ၊ အဓိကကတော့ မန်စီးတီး ကို အမှတ်‌တွေ မပေးလိုက်မိဖို့ပါပဲ။

ဘာကြောင့်လဲတော့ မသိပေ‌မယ့် အီတီဟက်မှာ အာဆင်နယ် အသင်း တခုခု လုပ်ပြနိုင်လိမ့်မယ်လို့ ခံစား မိနေပါတယ်။ ဒီလို ပွဲတွေကနေ ကျနော်တို့ ယုံကြည်မှု မြင့်မား လာမှာ အသေအချာပါပဲ၊ ဒီနှစ်မှာ သူတို့ကို အနိုင် ရထားတော့ အရင်က ရှိနေခဲ့တဲ့ အကြောက်တရား ကလည်း လုံးဝ မရှိတော့ပါဘူး။

သရေ ကျမယ်လို့ ထင်နေပေမယ့် သရေ ထက် ပိုတဲ့ ရလဒ် ဆိုရင်လည်း အပိုဆုပေါ့ဗျာ။ အာဆင်နယ် အသင်း တဖက် တစ်ဂိုးစီနဲ့ သရေ ရလိမ့်မယ်လို့ ထင်ပါတယ်၊ အာဆင်နယ် အသင်း ဟားဗတ်ဇ် ရဲ့ သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။