ဂန်းနားတွေ အီတီဟက်မှာ စီးတီးကို နိုင်စရာ အကြောင်းကို မရှိဘူး လို့ ပွဲရလဒ်နဲ့ တကွ ခန့်မှန်းလိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း ကတော့ ဂန်းနားတွေဟာ ဖလားပြိုင်ဘက် မန်စီးတီးကို ရှုံးပြီး ဒီရာသီလည်း ပရီးမီးယားလိဂ် ရဖို့မမြင်ဘူးလို့ ပြောလိုက်ပါတယ်။
အာဆင်နယ်က လက်ရှိ အမှတ်ပေးဇယားထိပ်ဆုံးမှာ လီဗာပူးလ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ရပ်တည်နေတာဖြစ်ပြီး ၂၀၂၃-၂၀၂၄ ရာသီပြီးဖို့ကလည်း ၁၀ ပွဲပဲ လိုတော့တဲ့အချိန်မှာ လက်ရှိ ချန်ပီယံ စီးတီးနဲ့ ဒီည ရင်ဆိုင် ကစားသွားရမှာဖြစ်ပါတယ်။
အာဆင်နယ်သာ မန်စီးတီးကို အနိုင်ကစားနိုင်ခဲ့ရင်တော့ ဇယားထိပ်မှာ လက်ရှိချန်ပီယံတွေကို ၄ မှတ်အထိ ဖြတ်နိုင်မှာဖြစ်ပေမယ့် ဂွါဒီယိုလာရဲ့အသင်းသာ အိမ်ကွင်းနိုင်ပွဲရယူသွားနိုင်မယ်ဆိုရင်တော့ ဇယားထိပ် တက်လှမ်းပြီး ၄ နှစ်ဆက် ချန်ပီယံဖြစ်ဖို့ သေချာသလောက် ဖြစ်သွားမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီ လိဂ် ၂၈ ပွဲမှာ ပွဲ ၂၀ အထိ အနိုင်ရထားပေမယ့်လည်း သရဲနီဟောင်း ရွိုင်ကိန်း ကတော့ အီတီဟတ်မှာ မန်စီးတီးကို ဘယ်လိုမှ အနိုင်မယူနိုင်ဘူးလို့ပဲ ယုံကြည်နေတာပါ။
“အခု ဒီပွဲက ပိုကောင်းတဲ့အသင်း အနိုင်ရမယ့်ပွဲပဲ။ အာဆင်နယ်က အဲဒီပွဲမှာ အနိုင်ရမှာမဟုတ်ဘူး။ အာဆင်နယ်က မန်စီးတီးကို မနိုင်နိုင်ဘူး။ ကျွန်တော်ကတော့ စီးတီး ၂-၁ နဲ့ အနိုင်ရသွားမယ့်ဘက်ကပါ။ အာဆင်နယ် အနိုင်မရနိုင်ဘူး။ ခင်ဗျားတို့ အားလုံးကို နောက်နေတာမဟုတ်ဘူး။ ကျွန်တော် တကယ်ပြောနေတာ”လို့ ပြောဆိုခဲ့တာပါ။
ဂန်းနားတွေဟာ ၂၀၀၄ နောက်ပိုင်း ပထမဆုံး အမှတ်ပေးဖလားရယူဖို့ မျှော်လင့်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက စီးတီးအိမ်ကွင်းမှာ ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဒီနှစ်အစောပိုင်းတုန်းက အိမ်ကွင်းမှာ စီးတီးကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။