သတင်းဆိုးလား မာရှယ် ကြွက်သားဒဏ်ရာရနေကြောင်း ဆိုးရှားအတည်ပြု

မနက်က ယှဉ်ပြိုင်သွားတဲ့ အိုထဖိုဒ့်ကွင်းမှာ ယူနိုက်တက်က ကလပ်ဘရုဂျ်ကို အနိုင်ရတဲ့ပွဲအတွင်း တိုက်စစ်မှူး မာရှယ်ဟာ ပွဲ့နေ့ လူစာရင်းမှာ ပါဝင်လာနိုင်ခြင်း မရှိပါဘူး။

မန်နေဂျာဆိုးရှားက ကလပ်အသင်းဝဘ်ဆိုဒ်ကနေ အတည်ပြုရာမှာ ပြင်သစ်သား တိုက်စစ်မှူးဟာ ကြွက်သားဒဏ်ရာ ရနေတာကြောင့် လေ့ကျင့်ရေး မဆင်းနိုင်ခဲ့ဘူးလို့ သိရတယ်။ ဒါကြောင့် သူ့ကို ပွဲနေ့ လူစာရင်းကနေ ဖယ်ထုတ်ခဲ့ရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ဆိုးရှားက ” မနေ့တုန်းက လေ့ကျင့်ရေးမှာတည်းက မာရှယ်က သိပ်မကောင်းဘူလို့ ခံစားခဲ့ရတယ်။ သူက လေ့ကျင့်ရေးကနေ ထွက်ွာသွားရပြီး ဒဏ်ရာ ရနေတာဖြစ်ပါတယ်။ အခြေအနေ အရမ်းကြီး မဆိုးဖို့ မျှော်လင့်ပြီး ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ မသေချာပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ အခြေစိုက် သတင်းတွေဘက်က ထပ်မံပြီး သတင်းထွက်လာတာမျိုး မရှိပေမယ့် ပြင်သစ်သတင်းဌာနတွေကတော့ မာရှယ်ရဲ့ ဒဏ်ရာက ပေါင်ခြံမှာ ဖြစ်နေတာလို့ ဖော်ပြခဲ့တယ်။ သူတို့ကတော့ ဒဏ်ရာက အရမ်းကြီး မဆိုးရွားပဲ ရက်အနည်းငယ် အနားယူရင် ပျောက်ကင်းမယ့် ဒဏ်ရာမျိုးဖြစ်ကာ တနင်္ဂနွေနေ့ အဲဗာတန်နဲ့ပွဲမှာ ပါဝင်ဖို့ မျှော်လင့်ချက် ရှိသေးတယ်လို့ ဆိုပါတယ်။

ကလပ်ဘရုဂျ်နဲ့ ပထမအကျော့ပွဲမှာ တစ်လုံးတည်သော သွင်းဂိုးကို သွင်းယူထားတဲ့ မာရှယ်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ဂိုးသွင်းထားနိုင်သူပါ။ ရပ်ဖိုဒ့် ဒဏ်ရာရနေချိန်မှာ ကလပ်အသင်းရဲ့ အဓိက တိုက်စစ်သမားအဖြစ် ကစားပေးနေပြီး သူထံကနေ သွင်းဂိုး အများအပြား မြင်ရဖို့ ပရိသတ်တွေဘက်က မျှော်လင့်နေတာ ဖြစ်ပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္သြားတဲ့ အိုထဖိုဒ့္ကြင္းမွာ ယူႏုိက္တက္က ကလပ္ဘရုဂ်္ကို အႏုိင္ရတဲ့ပြဲအတြင္း တိုက္စစ္မွဴး မာရွယ္ဟာ ပြဲ႔ေန႔ လူစာရင္းမွာ ပါဝင္လာႏုိင္ျခင္း မရွိပါဘူး။

မန္ေနဂ်ာဆိုးရွားက ကလပ္အသင္းဝဘ္ဆိုဒ္ကေန အတည္ျပဳရာမွာ ျပင္သစ္သား တိုက္စစ္မွဴးဟာ ၾကြက္သားဒဏ္ရာ ရေနတာေၾကာင့္ ေလ့က်င့္ေရး မဆင္းႏုိင္ခဲ့ဘူးလို႔ သိရတယ္။ ဒါေၾကာင့္ သူ႔ကို ပြဲေန႔ လူစာရင္းကေန ဖယ္ထုတ္ခဲ့ရျခင္းျဖစ္တယ္လို႔ ေျပာပါတယ္။

ဆိုးရွားက ” မေန႔တုန္းက ေလ့က်င့္ေရးမွာတည္းက မာရွယ္က သိပ္မေကာင္းဘူလို႔ ခံစားခဲ့ရတယ္။ သူက ေလ့က်င့္ေရးကေန ထြက္ြာသြားရျပီး ဒဏ္ရာ ရေနတာျဖစ္ပါတယ္။ အေျခအေန အရမ္းၾကီး မဆိုးဖို႔ ေမွ်ာ္လင့္ျပီး ဘယ္ေလာက္ၾကာၾကာ အနားယူရမလဲဆိုတာ မေသခ်ာပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာ အေျခစိုက္ သတင္းေတြဘက္က ထပ္မံျပီး သတင္းထြက္လာတာမ်ိဳး မရွိေပမယ့္ ျပင္သစ္သတင္းဌာနေတြကေတာ့ မာရွယ္ရဲ႕ ဒဏ္ရာက ေပါင္ျခံမွာ ျဖစ္ေနတာလို႔ ေဖာ္ျပခဲ့တယ္။ သူတို႔ကေတာ့ ဒဏ္ရာက အရမ္းၾကီး မဆိုးရြားပဲ ရက္အနည္းငယ္ အနားယူရင္ ေပ်ာက္ကင္းမယ့္ ဒဏ္ရာမ်ိဳးျဖစ္ကာ တနဂၤေႏြေန႔ အဲဗာတန္နဲ႔ပြဲမွာ ပါဝင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွိေသးတယ္လို႔ ဆုိပါတယ္။

ကလပ္ဘရုဂ်္နဲ႔ ပထမအေက်ာ့ပြဲမွာ တစ္လံုးတည္ေသာ သြင္းဂိုးကို သြင္းယူထားတဲ့ မာရွယ္က ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာလည္း ဂိုးသြင္းထားႏုိင္သူပါ။ ရပ္ဖိုဒ့္ ဒဏ္ရာရေနခ်ိန္မွာ ကလပ္အသင္းရဲ႕ အဓိက တိုက္စစ္သမားအျဖစ္ ကစားေပးေနျပီး သူထံကေန သြင္းဂိုး အမ်ားအျပား ျမင္ရဖို႔ ပရိသတ္ေတြဘက္က ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။