မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား မရနိုင်တော့တဲ့ အချက်ကို ဖော်ထုတ်သွားတဲ့ အာဆင်ဝင်းဂါး

ဂန်းနားဂန္တဝင်ကြီး အာဆင်ဝင်းဂါးကတော့ အာတီတာရဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်မယ့် အခွင့်အရေးကောင်း ရှိနေပါတယ်လို့ ထောက်ခံလိုက်ပါတယ်။
မန်စီးတီးနဲ့ပွဲကြိုမှာပဲ အာဆင်နယ်ဟာ မနှစ်ကအမှားတွေကနေ သင်ယူလာနိုင်ပြီလို့ နည်းပြဟောင်းက ထောက်ခံခဲ့တာပါ။ မနှစ်က ဒီလို အခြေအနေမှာ စီးတီးကို ၈ မှတ်ဖြတ်ထားရာက အာဆင်နယ်တို့ ဆက်တိုက် ခြေချော်မှု ဖြစ်ခဲ့ဖူးပါတယ်။
လက်ရှိမှ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ခြေစွမ်းတက်လာသလောက် မန်စီးတီးကတော့ မနှစ်ကလို အခြေအနေမျိုးမှာ ရှိမနေတော့ဘူးလို့လည်း နည်းပြဟောင်းကြီးက သုံးသပ်ခဲ့ပါတယ်။
“ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရနိုင်တယ်လို့ ကျနော် ထင်ပါတယ်။ မန်စီးတီးနဲ့ပွဲက ဒါအတွက် အနည်းငယ် အဆုံးအဖြတ် ဖြစ်လာစေနိုင်ပါတယ်။
မန်စီးတီးက အမြဲတမ်း ရင်ဆိုင်ရခက်ခဲတဲ့ အသင်းပါ ဒါပေမယ့် သူတို့ ဒီအခြေအနေမှာ မနှစ်ကလို လွှမ်းမိုးကစားနိုင်နေခြင်း မရှိပါဘူး။ ဒီလိုမျိုးတွေ ဖြစ်လာတတ်ပါတယ်။
မန်စီးတီးက ဘယ်လိုလုပ်ရမယ်၊ ဘယ်လို ယှဉ်ပြိုင်ရမယ်ဆိုတဲ့ အတွေ့အကြုံ အသိအမြင် ရှိနေပါတယ်။ အာဆင်နယ်မှာလည်း အရည်အချင်းရှိပေမယ့် အခုချိန်မှာ သူတို့ လုပ်နိုင်စွမ်းရှိတာကို ပြရပါလိမ့်မယ်။
မနှစ်က ကိစ္စတွေကနေ သူတို့ သင်ယူနိုင်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။ မနှစ်က ဖိုင်နယ် ပြေးလမ်းမှာ အာဆင်နယ်က ခြေချော်ခဲ့ပါတယ်။ ဒီနှစ်တော့ အာဆင်နယ်လုပ်နိုင်မယ် ထင်ပါတယ် ” လို့ အာဆင်ဝင်းဂါးက သုံးသပ်လိုက်တာ ဖြစ်ပါတယ်။