ပရီးမီးယားလိဂ် ချန်ပီယံ ဖန်တီးခွင့်နဲ့ ပတ်သက်လို့ ခပ်ဘွင်းဘွင်းပဲ ဝန်ခံလိုက်တဲ့ ပက်
စီးတီး နည်းပြ ပက်ဂွါဒီယိုလာ က တနင်္ဂနွေနေ့တုန်းက မန်စီးတီးဟာ အာဆင်နယ်နှင့် ဂိုးမရှိသရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးက ချန်ပီယံ ဖြစ်ရန် ရေပန်းအစားဆုံး ဖြစ်လာကြောင်း ပြောကြားလာပါတယ်။
လီဗာပူးဟာ အန်ဖီးလ်တွင် ဘရိုက်တန်ကို ၂-၁ ဖြင့် အနိုင်ယူကာ ၂ မှတ်ဖြတ်ပြီး ဇယားထိပ်သို့ တက်လှမ်းလာခဲ့ကာ မန်စီးတီးမှာ တတိယနေရာတွင် ရပ်တည်နေရပါတယ်။
ဂွါဒီယိုလာက “ထိပ်ဆုံးမှာ ရပ်တည်နေတဲ့သူက ရေပန်းအစားဆုံးပါ။ ဒုတိယရေပန်းအစားဆုံးက အာဆင်နယ်။ ကျုပ်တို့က တတိယ။ အခု ကျွန်တော်တို့ လက်ထဲမှာ မရှိတော့ဘူး”လို့ ပြောကြားသွားပါတယ်။
မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့မှာ စတုတ္ထနေရာမှ အက်စတွန်ဗီလာကို ဧည့်ခံကစားရပါမယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ဆက်ဆွတ်ခူးရေး၊ ဖလား ၃ လုံး ချန်ပီယံဘွဲ့ကို ကာကွယ်ရေး ကြိုးပမ်းနေတဲ့အသင်းလည်း ဖြစ်ပါတယ်။
ဆက်လက်ပြီး ၎င်းက “ကျွန်တော်တို့ လိဂ်ထိပ်ဆုံးမှာ ရပ်တည်တုန်းကလည်း ရေပန်းအစားဆုံးပါပဲ။ အဲဒီတုန်းက ကျွန်တော်တို့ အပေါ်မှာပဲ မူတည်နေခဲ့တယ်။ အခု ကျွန်တော်တို့အပေါ် မူမတည်တော့ဘူး။ ရိုးရိုးရှင်းရှင်းလေးပါပဲ” ပြောကြားသွားပါတယ်။
Opta ရဲ့ စူပါကွန်ပျူတာတွက်ချက်မှုအရ တနင်္ဂနွေနေ့တုန်းက အမှတ်ပေးဇယားသို့ တက်လှမ်းလာတဲ့ လီဗာပူးဟာ ချန်ပီယံ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ချန်ပီယံ ဖြစ်နိုင်ခြေ ၄၈ ရာခိုင်နှုန်းအထိ ရရှိလာပါတယ်။
မန်စီးတီးဟာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလား ချန်ပီယံဖြစ်ရေး ရေပန်းအစားဆုံး မဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
၎င်းတို့ဟာ ၃၄ ရာခိုင်နှုန်းဖြင့် ဒုတိယရေပန်းအစားဆုံးအဖြစ် ရပ်တည်နေပြီး အာဆင်နယ်က ၁၈ ရာခိုင်နှုန်းဖြင့် တတိယရေပန်းအစားဆုံး ဖြစ်နေပါတယ်။ မန်စီးတီးဟာ အာဆင်နယ်နှင့် သရေကျပြီးနောက် ချန်ပီယံဖြစ်ရန် ရေပန်းစားမှု ၁၂ ရာခိုင်နှုန်း ကျဆင်းလာပါတယ်။