သံမဏိစိုးလင်းဦးကို One မှာ ထိုးဖို့ စိန်ခေါ်လိုက်တဲ့ ပြိုင်ဖက်ဟောင်း ထိုင်းဖိုက်တာ ပွန်ဆီရိ

ပွန်ဆီရိက စိုးလင်းဦးကို စိန်ခေါ်လိုက်တယ်ဆိုပါတယ်။ စိန်မခေါ်လည်း သူနဲ့ တွေ့ဖို့က ကျိန်းသေသလောက်ပါပဲ။
ONE ဘန်တန်ဝိတ်တန်းမှာ ပွန်ဆီရိကလည်း ဖာဘီယိုရေ့စ်ကို အနိုင်ရထားပြီး၊ သံမဏိစိုးကြီးကလည်း ဖာဘီယိုရေ့စ်ကို အနိုင်ရထားပါပြီ။ စာချုပ်ကြီးတန်း မတက်ခင် တွေ့ကြရမယ့် ပြိုင်ဖက်တွေမို့ အခုလိုစိန်ခေါ်လိုက်တော့ ပိုပွဲကောင်းသွားတာပေါ့။ ပွဲကတော့ ဖြစ်နိုင်ချေ (၉၀) % လောက်လို့ပြောရမယ်။
စိုးလင်းဦးနဲ့ ပွန်ဆီရိက လည်းပြိုင်ဖက်ဟောင်းတွေပါပဲ။ လွန်ခဲ့တဲ့ (၄)နှစ်က သူတို့ (၂) ယောက် မြန်မာပြည်မှာ မြန်မာ့ရိုးရာလက်ဝှေ့ပွဲ ဆုံခဲ့ကြပြီး အနိုင်အရှုံးမရှိသရေ အဖြေထွက်ခဲ့ဖူးပါတယ်။ အခုတော့ ONE ရဲ့မွေထိုင်းတိုက်ပွဲမှာ ပြန်ဆုံကြပြီပေါ့။
ဒီ (၂) ယောက်ပွဲကတော့ အတော်ကြမ်း အတော်ကြည့်မှာပါ။ ပွန်ဆီရိဟာ ONE ကိုရောက်ပြီးမှ အရင်ထက် အများကြီးပို မာပိုဇွဲသတ္တိကြီးလာတယ်။ ဖာဘီယိုရေ့စ်ထက်အများကြီး မာဂုဏ်မြင့်ပြီး စိုးကြီးတို့လိုဖြစ်နေတဲ့ အတွက် သူမလဲ၊ ကိုယ်မလဲ နွှဲကြရမယ့် ပွဲကြီးပွဲကောင်းပါ။ စိုးကြီးဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ပါတယ်။
စိုးမိုးဒီဇင်ဘာ။