မန်စီးတီး မဟုတ်တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ့် အသင်းကို ရွိုင်ကိန်း ထုတ်ဖော်လာ
စီးတီးဟာ ဒီရာသီ အတွင်း အသင်းကြီး တချို့နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့တဲ့ ပွဲတွေမှာ အားရစရာ ကောင်းတဲ့ ကစားပုံ ၊ ခြေစွမ်းမျိုး မပြသနိုင်ခဲ့တာတွေ ရှိပြီး ၊ အာဆင်နယ်ပွဲဟာလည်း ထိုအထဲမှာ တပွဲ အပါအဝင် ဖြစ်ပါတယ်။
အထူးသဖြင့် အားထားရတဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းဆိုရင် Title Challenger ၂သင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲတွေမှာ တဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ် ။
ရွိုင်ကိန်းကတော့ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ သရေပွဲကို ပျော်ရွှင်နေကြမယ့် လီဗာပူးဟာ ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး ဖြစ်လာနေကြောင်း ဖွင့်ဟခဲ့ပါတယ်။
ရွိုင်ကိန်းက ” ဒီနေ့မှာ လီဗာပူးဟာ တကယ့် အောင်နိုင်သူတွေ ဖြစ်ခဲ့ကြပါတယ် ။ ကိုယ့်ရဲ့ ပွဲကို အနိုင်ဆော့နိုင်ခဲ့သလို ၊ ဒီ၂သင်း သရေကျတာကိုလည်း ကြည့်ခဲ့ကြရပါတယ်။ လီဗာပူးဟာ ဒီအပေါ် ဝမ်းမြောက်နေမှာပါ။
ခင်ဗျား လက်ရှိ အမှတ်ပေးဇယားကို ကြည့်လိုက်ရင် ၊ လီဗာပူးကပဲ ချန်ပီယံဆု အတွက် ရေပန်းအစားဆုံးလို့ ယူဆမိမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။