အဲဗာတန် Vs ယူနိုက်တက် ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်
မန်ချက်စတာယူနိုက်တက်ဟာ ဂိုးပြတ် အနိုင်နဲ့ ယူရိုပါလိဂ် နောက်တစ်ဆင့် တက်ပြီးနောက် ဒီတပတ် ပြည်တွင်း ပရီးမီးယားလိဂ်မှာတော့ အဲဗာတန်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရတော့မှာပါ။ အန်ဆယ်လော့တီ ရောက်လာပြီးနောက် တိုးတက်လာနေတဲ့ အဲဗာတန်က ယူနိုက်တက် အတွက် စမ်းသပ်မှုတစ်ရပ် ဖြစ်ပါတယ်။
အဲဗာတန် ယူနိုက်တက် ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က သုံးသပ်မှု ပြုလုပ်ထားပြီး အံ့အားသင့်ဖွယ် ရလဒ် ခန့်မှန်းထားပါတယ်။
” ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဆန်းဒေးက အိုးထရက်ဖို့ဒ်မှာ ဝက်ဖို့ဒ်ကို ပါးပါးလေး အနိုင်ရခဲ့တာ ဖြစ်ပြီး ကြာသပတေးနေ့ညမှာမှ ကလပ်ဘရုစ်နဲ့ ယူရိုပါလိဂ်ပွဲ ဆက်လက် ကစားထားပါတယ်။
အဲဗာတန်ကတော့ တနင်္ဂနွေနေ့က အမ်းမရိတ်က ပွဲမှာ သရေ တစ်မှတ် အနည်းဆုံးရသင့်တဲ့ အခွင့်အရေး ရှိခဲ့ပါတယ်။ အတွဲအဖက် မိနေတဲ့ ရစ်ချာလီဆန်နဲ့ ကဲလ်ဗတ် လီဝင် အတွဲနဲ့ ဂိုးမက်စ်ရဲ့ ပြောစမှတ်ပြုဖွယ် ပြန်လာနိုင်တဲ့ အချက်တွေက အဲဗာန်တို့ အားတက်စရာ ဖြစ်နေပြီး အန်ဆယ်လော့တီ ရောက်လာပြီးနောက် အပြာရောင် တပ်သားတို့ တိုးတက်မှုကြီးတွေ ရှိထားပါတယ်။
ဂွတ်ဒီဆင်ပါ့ခ်က ဧည့်သည်အသင်းတွေ အတွက် ဘယ်တော့မှ မလွယ်ကူခဲ့သလို အမှတ်ယူဖို့လည်း ခက်တဲ့ နေရာပါ။ ဒီပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်ဦးမှာ ဖြစ်ပြီး အိမ်ရှင်တွေက အမှတ် သိမ်းသွားမယ်လို့ ကျနော် ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။
မိုက်ကယ် အိုဝင် ခန့်မှန်း ရလဒ်က အိမ်ရှင် အဲဗာတန်အသင်း အနိုင်ပါ။ ပွဲချိန်က လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈း၃၀ နာရီ ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ ဂိုးျပတ္ အနိုင္နဲ႕ ယူရိုပါလိဂ္ ေနာက္တစ္ဆင့္ တက္ျပီးေနာက္ ဒီတပတ္ ျပည္တြင္း ပရီးမီးယားလိဂ္မွာေတာ့ အဲဗာတန္အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရေတာ့မွာပါ။ အန္ဆယ္ေလာ့တီ ေရာက္လာျပီးေနာက္ တိုးတက္လာေနတဲ့ အဲဗာတန္က ယူနိုက္တက္ အတြက္ စမ္းသပ္မႈတစ္ရပ္ ျဖစ္ပါတယ္။
အဲဗာတန္ ယူနိုက္တက္ ပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က သံုးသပ္မႈ ျပဳလုပ္ထားျပီး အံ့အားသင့္ဖြယ္ ရလဒ္ ခန္႔မွန္းထားပါတယ္။
” ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ ဆန္းေဒးက အိုးထရက္ဖို႔ဒ္မွာ ၀က္ဖို႔ဒ္ကို ပါးပါးေလး အနုိင္္ရခဲ့တာ ျဖစ္ျပီး ၾကာသပေတးေန႔ညမွာမွ ကလပ္ဘရုစ္နဲ႕ ယူရိုပါလိဂ္ပြဲ ဆက္လက္ ကစားထားပါတယ္။
အဲဗာတန္ကေတာ့ တနဂၤေႏြေန႔က အမ္းမရိတ္က ပြဲမွာ သေရ တစ္မွတ္ အနည္းဆံုးရသင့္တဲ့ အခြင့္အေရး ရွိခဲ့ပါတယ္။ အတြဲအဖက္ မိေနတဲ့ ရစ္ခ်ာလီဆန္နဲ႕ ကဲလ္ဗတ္ လီ၀င္ အတြဲနဲ႕ ဂိုးမက္စ္ရဲ႕ ေျပာစမွတ္ျပဳဖြယ္ ျပန္လာနိုင္တဲ့ အခ်က္ေတြက အဲဗာန္တို႔ အားတက္စရာ ျဖစ္ေနျပီး အန္ဆယ္ေလာ့တီ ေရာက္လာျပီးေနာက္ အျပာေရာင္ တပ္သားတို႔ တိုးတက္မႈၾကီးေတြ ရွိထားပါတယ္။
ဂြတ္ဒီဆင္ပါ့ခ္က ဧည့္သည္အသင္းေတြ အတြက္ ဘယ္ေတာ့မွ မလြယ္ကူခဲ့သလို အမွတ္ယူဖို႔လည္း ခက္တဲ့ ေနရာပါ။ ဒီပြဲမွာ ျပိဳင္ဆိုင္မႈ ျပင္းထန္ဦးမွာ ျဖစ္ျပီး အိမ္ရွင္ေတြက အမွတ္ သိမ္းသြားမယ္လို႔ က်ေနာ္ ထင္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။
မိုက္ကယ္ အို၀င္ ခန္႔မွန္း ရလဒ္က အိမ္ရွင္ အဲဗာတန္အသင္း အနုိင္ပါ။ ပြဲခ်ိန္က လာမယ့္ တနဂၤေႏြေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၈း၃၀ နာရီ ျဖစ္ပါတယ္။