စူပါကွန်ပျူတာရဲ့ ဒီရာသီ ပရီးမီးယားလိဂ်ဖလား ဘယ်အသင်းရမလဲ နောက်ဆုံး တွက်ချက်မှု ထွက်လာပါပြီ

ဒီအပတ် ကစားခဲ့ကြတဲ့ ပွဲစဥ်တွေမှာတော့ မန်စီးတီး နဲ့ အာဆင်နယ် တို့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး လီဗာပူး အသင်းက ဘရိုက်တန် ကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ကြိုးကြာနီတို့ ဦးဆောင်ခွင့် ရရှိသွားနိုင်ခဲ့ပါတယ်။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ Opta ရဲ့ စူပါ ကွန်ပျူတာ က ဒီရာသီ ဘယ်အသင်း ဖလားရရှိနိုင်ခြေ များသလဲဆိုတာကို တွက်ချက်လာခဲ့ပါတယ်။

၎င်း တွက်ချက်မှုမှာ လီဗာပူးတို့ အလေးသာနေပါတယ်။ လီဗာပူးရဲ့ အမှတ်ပေး ဖလား ဆွတ်ခူးနိုင်​ခြေဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တုန်းက 35.3 ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ဒီတစ်ပါတ် နိုင်ပွဲ ရရှိအပြီးမှာတော့ 47.7 ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ မန်စီးတီး အသင်းရဲ့ ဆုဖလား ဆွတ်ခူးနိုင်ခြေဟာ 45.9 ရာခိုင်နှုန်းမှ 33.5 ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ရပါတယ်။ ဒါဟာ ဒီရာသီအတွက် မန်စီးတီး ရဲ့ အနိမ့်ကျဆုံး % ဖြစ်သွားခဲ့ရပါတယ် ။

ကျန်တဲ့ 18.8 ရာခိုင်နှုန်းကိုတော့ အာဆင်နယ် အသင်းက ပိုင်ဆိုင်ခဲ့ပြီး ဒီ 3 သင်း အနက် အမှတ်ပေး ဖလားကို ဆွတ်ခူးနိုင်ခြေ အနည်းဆုံး ဖြစ်ခဲ့ရပါတယ်။