ဒီရက်ပိုင်း မြန်မာနိုင်ငံတဝှမ်း နှစ် ၇ဝ ကျော်ကာလအတွင်း နေ့ အပူချိန် အမြင့်ဆုံး စံချိန်သစ်များ တင်

ဒီ မတ်လထဲမှာ မော်လမြိုင်၊ ကော့သောင်း၊ ထားဝယ် နှင့် မအူပင်တို့တွင် နှစ် ၇၀ ကျော်ကာလအတွင်း နေ့အပူချိန် အမြင့် ဆုံးစံချိန်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ကြေငြာချက်အရ သိရသည်။

မတ်လ ၂၅ ရက်နေ့ကစပြီး မော်လမြိုင်တွင် အမြင့်ဆုံးအပူချိန် စံချိန်တင်ခဲ့ပြီး နှစ် ၇၀ ကျော်အတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၃၉.၇ ဒီဂရီ ဆဲလ်စီးယပ်ထိရှိခဲ့သည်။

မုဒုံတွင် မတ်လ ၂၅ ရက်နေ့တွင် ၄၃ နှစ်သာအတွင်းအမြင့်ဆုံးအပူချိန်အဖြစ် ၃၉.၂ ဒီဂရီဆဲလ်စီးယပ် အဖြစ်စံချိန်တင်ခဲ့သည်။

မတ်လ ၂၆ ရက်နေ့တွင် ရွေကျင်၊ကော့သောင်း ဒေသ၌ နှစ် ၆၀ အတွင်း အမြင့်ဆုံးအပူချိန်စံချိန် ၄၁.၉ ဒီဂရီဆဲလ်စီးယပ်အဖြစ်စံချိန်တင်ခဲ့သည်။

ထားဝယ်တွင် မတ်လ ၂၉ ရက်၊ ၃၀ ရက်နေ့တွင် ၇၇ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး မအူပင်တွင်လည်း မတ်လ ၃၀ ရက်နေ့တွင် ၇၁ နှစ်သာအတွင်း အမြင့်ဆုံးအပူချိန်စံချိန်တင်ခဲ့သည်။

ရှေ့ဆက်ပြီး ဧပြီလပထမအပါတ် တွင် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊မကွေး၊ပဲခူး၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလပျှမ်းမျှ အပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ် ပိုနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှူး ဦးစီးငှာနက ခန့်မှန်းထားသည်။

အယ်နီညို သက်ရောက်မှူကြောင့် နေ့အပူချိန်တွင် အပူရှပ်တာ၊ လေဖြတ်တာ၊ ဦးနှောက်သွေးကြောပြတ်တာ၊ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်လုံးကွယ်တာ၊ အရေပြားကင်ဆာများ မဖြစ်စေရေး ကြိုတင်ကာကွယ်ကြရန်လိုကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။