မန်စီးတီး အရင်လောက် မကောင်းတော့ဘူး သုံးသပ်ပြီး ဗီလာကို နိုင်မလား ခန့်မှန်းသွားတဲ့ ပေါမာဆန်
ဒီတပတ် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲတွေ ကစားကြဖို့ ရှိနေပြီး မန်ချက်စတာ စီးတီးအသင်းကတော့ အက်စတွန်ဗီလာနဲ့ တွေ့နေပါတယ်။
ဒီနှစ်သင်းဟာ လာမယ့် ကြာသပတေးနေ့ နံနက် ၁း၄၅ နာရီ အချိန်၊ စီးတီးတို့ရဲ့ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ စီးတီးနဲ့ အက်စတွန်ဗီလာတို့ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
” မန်စီးတီးကတော့ ဒီရာသီ သူတို့ ဒီပွဲကို နိုင်ကို နိုင်ရမယ့် အခြေအနေကို ရောက်လာနေပါပြီ။ ဇယားထိပ်နဲ့ ၃ မှတ်အပြင် ဂိုးကွာခြားချက်လည်း များနေပါတယ်။ ဒီပွဲကို သရေကျမယ် ဆိုရင် မန်စီးတီးအတွက် သိပ်ကို ခက်ခဲသွားမှာ ဖြစ်ပါတယ်။
မန်စီးတီးက ၂ သင်းကို အမှီ လိုက်ရဖို့ ရှိနေပါတယ်။ လီဗာပူးနဲ့ အာဆင်နယ်အသင်း ပွဲစဉ်ဇယားတွေအရ ဒီအပတ်မှာ သူတို့ ၂ သင်း နိုင်သွားဖို့ ရှိပါတယ်။ ဒဏ်ရာ ပြဿနာတွေနဲ့ မန်စီးတီးအတွက်တော့ ခက်ခဲတဲ့ပွဲပါ။
စီးတီးမှာ အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ စတုန်းနဲ့ ဝေါ်ကာတို့ မပါနိုင်ပါဘူး။ သူတို့ရဲ့ တိုက်စစ်ကလည်း လုပ်သလို မဖြစ်နေပါဘူး။ သူတို့ ဂိုးကွာခြားတွေရဖို့က မဖြစ်နိုင်နေပါဘူး။
ဝုဗ်ကို ရင်ဆိုင်ရာမှာ အက်စတွန်ဗီလာက ရလဒ်ကောင်းတစ်ခု ရခဲ့ပါတယ်။ ဒီပွဲက သူတို့အတွက်လည်း ပွဲကြီးတစ်ပွဲပါ။ ဒီပွဲပြီးရင် ဗီလာတို့ ပွဲစဉ်ဇယားကောင်း ယှဉ်ပြိုင်ရမှာဖြစ်သလို စပါးအသင်း ဒီအပတ် ရမှတ်ထိခိုက်ဖို့ မျှော်လင့်နေမှာပါ။
မန်စီးတီးက အရင်ကလောက် ပွဲတွေကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်တဲ့အသင်း မဟုတ်တော့ပါဘူး။ ဒီပွဲမှာတော့ သူတို့ အနိုင်ရသွားဦးမှာပါ ဒါပေမယ့် သွင်းဂိုး ကြီးကြီးမားမားမျိုးနဲ့ မဟုတ်နိုင်ပါဘူး။ ” လို့ မာဆန်က သုံးသပ် ထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ စီးတီး ၁-ဝ အက်စတွန် ဗီလာ ဖြစ်ပါတယ်။