မန်စီးတီး ချန်ပီယံမဖြစ်ပါဘူးလို့ ပေါ်တင်တွေ နှိမ်နေတဲ့ မန်ယူကစားသမားဟောင်း ရွိုင်ကိန်း
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁)နဲ့ အဆင့်(၃) ကြားထဲမှာ ရမှတ် ၃မှတ်သာ ကွာဟချက် ရှိနေတာကြောင့် ဘယ်အသင်းက ချန်ပီယံ ဖြစ်မလဲ ဆိုတာ ခန့်မှန်းရ ခက်ခဲနေပါတယ်။
ယူနိုက်တက်ဂန္တဝင် ရိုင်ကိန်းကတော့ သူဟာ မန်စီးတီးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြောင်း အခုချိန်မှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်ကြောင်း ဆိုလာပါတယ်။
ဘယ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ရိုင်ကိန်းက – “လီဗာပူးလို့ပဲ ထင်ပါတယ်။ လီဗာပူးက အခုချိန်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းလို့ ပြောချင်ပါတယ်။
အာဆင်နယ်က ဂိုးကွာခြားချက် အားသာချက်ကြောင့် ဒုတိယမြောက် ရေပန်းအစားဆုံးအသင်းပါ။
မန်ချက်စတာ စီးတီးကတော့ သူတို့ရဲ့ ဒဏ်ရာရ ကစားသမား များပြားနေမှုနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတို့ကြောင့် ရေပန်းအစားဆုံးစာရင်းမှာ တတိယနေရာကိုပဲ ရပါမယ်။
မကြာသေးခင်တုန်းက ကျွန်တော်ဟာ မန်ချက်စတာ စီးတီးက ချန်ပီယံ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပေမယ့် အခုတော့ လီဗာပူးနဲ့ပဲ ရပ်တည်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။