ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူပါ အခုတော့ ဖာနန်ဒက်စ် ရောက်လာပါပြီ

ဇန်နဝါရီလမှာ ကွင်းလယ်လူ ဖာနန်ဒက်စ်က ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီး သူဟာ အင်္ဂလန်ကို အခြေချတာ တစ်လလောက်ပဲ ရှိသေးပေမယ့် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းရဲ့ အကောင်းဆုံးဆိုတဲ့ နေရာကို စိန်ခေါ်လာပြီလို့ ပေါလ်စခိုးက ထုတ်ပြောလိုက်ပါတယ်။

စခိုးက ” သူ့ကို အခြားသော ကစားသမားတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ကျနော် စဉ်းစားမိတာကတော့ မန်စီးတီးက ဒီဘရိုင်းပဲ ဖြစ်ပါတယ်။ ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါ ဒါပေမယ့် အခုချိန်မှာ အဲ့နေရာကို စိန်ခေါ်ဖို့အတွက် ဖာနန်ဒက်စ် ရောက်လာပြီ ဖြစ်ပါတယ် ” လို့ ဖွင့်ဟသွားခဲ့တာဖြစ်တယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက် လိုအပ်နေတဲ့ ဖန်တီးမှုတွေကို အဓိက တာဝန်ယူသူဖြစ်လာခဲ့ပြီး သူဟာ ကိုယ်တိုင်လည်း သွင်းဂိုး ၂ ဂိုး ရယူပေးနိုင်ခဲ့ပြီဖြစ်တယ်။ မကြာခင်မှာတော့ ဖရက်၊ တော်မီနေး၊ ဖာနန်ဒက်စ်ဆိုတဲ့ ကွင်းလယ်ဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်အတွဲ ဖြစ်လာမယ့် အလားအလာတွေ ပြသနေပြီဖြစ်ပါတယ်။

မန်နေဂျာ ဆိုးရှားကလည်း ” ဘရူနို အသင်းကို ရောက်လာတာက ကြီးမားလှတဲ့ အပြောင်းအလဲနဲ့ ခြားနားမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ခင်ဗျားတို့ ပြန်ကြည့်လိုက်မယ်ဆိုရင် သူဟာ အသင်းရဲ့ ပထမဆုံး သွင်းဂိုး သုံးဂိုးလုံးမှာ ပါဝင်ပတ်သက် နေတာကို မြင်တွေ့ရပါ လိမ့်မယ်။ အိုဒီယံရဲ့ သွင်းဂိုးမှာ သူ့ရဲ့ ဘောလုံး ပေးပို့ခဲ့မှုက အရမ်းကို ကောင်းပါတယ် ” လို့ ပွဲအပြီးမှာ ထုတ်ဖော် ချီးကျူးခဲ့သေးတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် ချယ်ဆီးကို ဖိအားပေးနေတာ ဖြစ်ပေမယ့် လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် ခြေစွမ်းကောင်းနေတာကြောင့် ရာသီကုန်မှာ အသင်း မျှော်လင့်ထားတဲ့ ပန်းတိုင်းကို ရောက်ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။

ZAWGYI

ဇန္နဝါရီလမွာ ကြင္းလယ္လူ ဖာနန္ဒက္စ္က ယူႏုိက္တက္ကို ေရာက္ရွိလာခဲ့ျပီး သူဟာ အဂၤလန္ကို အေျခခ်တာ တစ္လေလာက္ပဲ ရွိေသးေပမယ့္ မန္စီးတီးကြင္းလယ္လူ ဒီဘရိုင္းရဲ႕ အေကာင္းဆံုးဆိုတဲ့ ေနရာကို စိန္ေခၚလာျပီလို႔ ေပါလ္စခိုးက ထုတ္ေျပာလိုက္ပါတယ္။

စခိုးက ” သူ႔ကို အျခားေသာ ကစားသမားေတြနဲ႔ ႏိႈင္းယွဥ္တဲ့အခါ က်ေနာ္ စဥ္းစားမိတာကေတာ့ မန္စီးတီးက ဒီဘရိုင္းပဲ ျဖစ္ပါတယ္။ ဒီဘရိုင္းဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားပါ ဒါေပမယ့္ အခုခ်ိန္မွာ အဲ့ေနရာကို စိန္ေခၚဖို႔အတြက္ ဖာနန္ဒက္စ္ ေရာက္လာျပီ ျဖစ္ပါတယ္ ” လို႔ ဖြင့္ဟသြားခဲ့တာျဖစ္တယ္။

ဖာနန္ဒက္စ္ဟာ ယူႏုိက္တက္ လိုအပ္ေနတဲ့ ဖန္တီးမႈေတြကို အဓိက တာဝန္ယူသူျဖစ္လာခဲ့ျပီး သူဟာ ကိုယ္တိုင္လည္း သြင္းဂိုး ၂ ဂိုး ရယူေပးႏုိင္ခဲ့ျပီျဖစ္တယ္။ မၾကာခင္မွာေတာ့ ဖရက္၊ ေတာ္မီေနး၊ ဖာနန္ဒက္စ္ဆိုတဲ့ ကြင္းလယ္ဟာ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကြင္းလယ္အတြဲ ျဖစ္လာမယ့္ အလားအလာေတြ ျပသေနျပီျဖစ္ပါတယ္။

မန္ေနဂ်ာ ဆိုးရွားကလည္း ” ဘ႐ူႏို အသင္းကို ေရာက္လာတာက ႀကီးမားလွတဲ့ အေျပာင္းအလဲနဲ႔ ျခားနားမႈေတြကို ျဖစ္ေပၚေစခဲ့ပါတယ္။ ခင္ဗ်ားတို႔ ျပန္ၾကည့္လိုက္မယ္ဆိုရင္ သူဟာ အသင္းရဲ႕ ပထမဆုံး သြင္းဂိုး သုံးဂိုးလုံးမွာ ပါဝင္ပတ္သက္ ေနတာကို ျမင္ေတြ႕ရပါ လိမ့္မယ္။ အိုဒီယံရဲ႕ သြင္းဂိုးမွာ သူ႔ရဲ႕ ေဘာလုံး ေပးပို႔ခဲ့မႈက အရမ္းကို ေကာင္းပါတယ္ ” လို႔ ပြဲအျပီးမွာ ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ေသးတာ ျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာအတြက္ ခ်ယ္ဆီးကို ဖိအားေပးေနတာ ျဖစ္ေပမယ့္ လက္ရွိမွာ ပရီးမီးယားလိဂ္ရဲ႕ စြမ္းေဆာင္ရည္ အေကာင္းဆံုး အသင္းေတြထဲက တစ္သင္းအျဖစ္ ေျခစြမ္းေကာင္းေနတာေၾကာင့္ ရာသီကုန္မွာ အသင္း ေမွ်ာ္လင့္ထားတဲ့ ပန္းတိုင္းကို ေရာက္ဖို႔ နီးစပ္ေနတာ ျဖစ္ပါတယ္။