ဓါတ်ပုံနဲ့ ပြင်ပမှာ အတော်လေး ကွဲပြားနေတဲ့ ကမ္ဘာပေါ်မှာ အမတ်စောက်ဆုံး တံတား

လက်ရှိ ကမ္ဘာပေါ်မှာ အမတ်ဆုံး တံတားအဖြစ် အတိအကျ တိုင်းတာ သတ်မှတ်ထားတာမရှိပေမဲ့ ဂျပန်နိုင်ငံက Shimane နှင့် Tottori စီရင်စုနှစ်ခုကိုဆက်သွယ်ထားတဲ့ ၁.၇ ကီလိုမီတာရှည်တဲ့ Eshima Ohashi တံတားကိုတော့အမတ်စောက်ဆုံး တံတားအဖြစ် လူသိများပါတယ်။

အဲဒီတံတားကတော့ ဓာတ်ပုံတွေထဲမှာ အတော် ထိတ်လန့်စရာ ကောင်းလောက်အောင် မတ်စောက်နေတာပါ။

ဒါပေမဲ့ အပြင်မှာတော့ ပုံတွေမှာမြင်တွေ့ရသလို အရမ်းကြီးအန္တရယ်များလောက်အောင် မတ်စောက်နေတာတော့မဟုတ်ပါဘူး။

ပုံတွေထဲမှာ ကင်မရာ ရှုထောင့်အရ အရမ်းကြီး မတ်လွန်း တယ် ထင်ရပေမဲ့ အမှန်တကယ်တော့ ထင်ထားသလောက် မမတ်ပါဘူး။

တံတားတွေရဲ့မတ်စောက်မှုကို Gradient နဲ့တိုင်းတာပြီး ရာခိုင်နှုန်းဖြင့်ဖော်ပြလေ့ရှိပါတယ်။ Gradient 5% ဆိုရင် တံတားအရှည်မီတာ ၁၀၀ မှာရေပြင်ညီမျဉ်းကနေ ၅ မီတာမြင့်တက်သွားတယ်လို့ဆိုလိုတာပါ။

သာမန်တံတားတွေမှာ Gradient 3% ကနေ 5% ကြားမှာရှိပါတယ်။ Eshima Ohashi တံတားမှာတော့ Shimane ဘက်ခြမ်းမှာ 6.1% နှင့် Tottori ဘက်မှာ 5.1% မတ်စောက်ပါတယ်။