ပြန်လာတော့မယ့် ပေါ့ဘာ၊ ဥရောပ အကောင်းဆုံး ဖြစ်လာမယ့် ရှောနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

ယူရိုပါလိဂ် ၁၆ သင်းအဆင့် မဲခွဲရလဒ်များ ထွက်ပေါ်လာရာ မန်ချက်စတာယူနိုက်တက်က သြစတြီးယားကလပ် LASK နဲ့ ထိပ်တိုက် တွေ့ဆုံ နေပါတယ်။ ပထမအကျော့ကို အဝေးကွင်းမှာ ယှဉ်ပြိုင်ပြီး ဒုတိယအကျော့ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပြင်သစ်သား ကွင်းလယ်ကစားသမား ပေါ့ဘာဟာ နောက်တစ်ပတ်ထဲမှာ စီနီယာအသင်းကြီးနဲ့ အတူ ထရိန်နင်မှာ ပြန် ပါဝင်လာတော့မှာ ဖြစ်ပြီး မတ်လ ၈ ရက်နေ့ မန်စီးတီးနဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ရကြောင်း ပြင်သစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘရူနို ဖာနန်ဒက်စ် ပါဝင်လာပြီးနောက် မန်ချက်စတာယူနိုက်တက် ကစားပုံက ပိုမို အသက်ဝင်လာပြီး ကြည့်ချင်စဖွယ် ဖြစ်လာခဲ့တယ်လို့ ကွင်းလယ်ကစားသမားဟောင်းကြီး ပေါစခိုးလ်က ချီးကျူးလိုက်ပါတယ်။

ကလပ်ဘရုစ်နဲ့ ပွဲမှာ ကွင်းလယ်ကစားသမား ဖရက်ရဲ့ သွင်းဂိုးတွေကို မြင်လိုက်ရတဲ့ အပေါ် နည်းပြ ဆိုးရှားက သူ့အနေနဲ့ ဖရက် ဂိုးသွင်းတာ အသက်ရှင်လျက် မြင်သွားရပါ့မလားတောင် မသေချာခဲ့ဘူးလို့ အရွှန်းဖောက်ခဲ့ပါတယ်။ ဖရက် နောက်ဆုံး ဂိုးသွင်းထားခဲ့တာက ၂၀၁၈ တုန်းက ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် အဆင့် ၄ နေရာ အတွက် အဓိက ပြိုင်ဆိုင်ရမှာက ချယ်ဆီး၊ စပါးနဲ့ ယူနိုက်တက်တို့ ဖြစ်ပြီး အာဆင်နယ်ကိုတော့ ဖယ်ထုတ်ရတော့မှာ ဖြစ်ကြောင်း မာတင်ကီယွန်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ခံစစ်မှူး လုခ်ရှောဟာ အလားအလာကောင်းတွေ ရှိနေပြီး ဥရောပ အကောင်းဆုံး ဘယ်စွန်ခံစစ်မှူး တစ်ဦး ဖြစ်လာနိုင်တယ်လို့ စခိုးလ်က ဟောကိန်းထုတ်လိုက်ပါတယ်။

Zawgyi – ယူရိုပါလိဂ္ ၁၆ သင္းအဆင့္ မဲခြဲရလဒ္မ်ား ထြက္ေပၚလာရာ မန္ခ်က္စတာယူႏုိက္တက္က ၾသစၾတီးယားကလပ္ LASK နဲ႔ ထိပ္တိုက္ ေတြ႔ဆံု ေနပါတယ္။ ပထမအေက်ာ့ကို အေဝးကြင္းမွာ ယွဥ္ျပိဳင္ျပီး ဒုတိယအေက်ာ့ကို အိမ္ကြင္းမွာ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။

ျပင္သစ္သား ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ေနာက္တစ္ပတ္ထဲမွာ စီနီယာအသင္းၾကီးနဲ႕ အတူ ထရိန္နင္မွာ ျပန္ ပါ၀င္လာေတာ့မွာ ျဖစ္ျပီး မတ္လ ၈ ရက္ေန႔ မန္စီးတီးနဲ႕ ပြဲစဥ္မွာ ပါ၀င္ကစားနုိင္ဖို႔ ေမွ်ာ္လင့္ရေၾကာင္း ျပင္သစ္သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ဘရူနို ဖာနန္ဒက္စ္ ပါ၀င္လာျပီးေနာက္ မန္ခ်က္စတာယူနုိက္တက္ ကစားပံုက ပိုမို အသက္၀င္လာျပီး ၾကည့္ခ်င္စဖြယ္ ျဖစ္လာခဲ့တယ္လို႔ ကြင္းလယ္ကစားသမားေဟာင္းၾကီး ေပါစခိုးလ္က ခ်ီးက်ဴးလိုက္ပါတယ္။

ကလပ္ဘရုစ္နဲ႕ ပြဲမွာ ကြင္းလယ္ကစားသမား ဖရက္ရဲ႕ သြင္းဂိုးေတြကို ျမင္လိုက္ရတဲ့ အေပၚ နည္းျပ ဆုိးရွားက သူ႔အေနနဲ႕ ဖရက္ ဂိုးသြင္းတာ အသက္ရွင္လ်က္ ျမင္သြားရပါ့မလားေတာင္ မေသခ်ာခဲ့ဘူးလို႔ အရႊန္းေဖာက္ခဲ့ပါတယ္။ ဖရက္ ေနာက္ဆံုး ဂိုးသြင္းထားခဲ့တာက ၂၀၁၈ တုန္းက ျဖစ္ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ အဆင့္ ၄ ေနရာ အတြက္ အဓိက ျပိဳင္ဆိုင္ရမွာက ခ်ယ္ဆီး၊ စပါးနဲ႕ ယူနိုက္တက္တို႔ ျဖစ္ျပီး အာဆင္နယ္ကိုေတာ့ ဖယ္ထုတ္ရေတာ့မွာ ျဖစ္ေၾကာင္း မာတင္ကီယြန္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ခံစစ္မွဴး လုခ္ေရွာဟာ အလားအလာေကာင္းေတြ ရွိေနျပီး ဥေရာပ အေကာင္းဆံုး ဘယ္စြန္ခံစစ္မွဴး တစ္ဦး ျဖစ္လာနုိင္တယ္လို႔ စခိုးလ္က ေဟာကိန္းထုတ္လိုက္ပါတယ္။