ရန်ကုန် နာမည်ကျော် ဟိုတယ်ကြီးတွေ ပြည်တွင်း ဧည့်သည်များအား အထူးလျှော့စျေးတွေနဲ့ ဆွဲဆောင်လာ

ရန်ကုန်မြို့က ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တချို့ ပြည်တွင်းဧည့်သည်အတွက်ရည်ရွယ်ပြီး သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတချို့ကို ဖော်ဆောင်လာကြပါတယ်။
အရင်က ဝန်ဆောင်ခနှုန်းထားတွေကို ဒေါ်လာနဲ့သတ်မှတ်ပြီး ဝန်ဆောင်ခယူရာကနေ အခုအခါ ကျပ်ငွေနဲ့သတ်မှတ်တဲ့ ဝန်ဆောင်မှုတချို့ကို ဈေးနှုန်းထက်ဝက်အထိ လျှော့ချပြီး ဝန်ဆောင်မှုပေးလာတာမျိုးပါ။
ကမ္ဘာအေးဘုရားလမ်းပေါ်က အခန်းပေါင်းရာဂဏာန်းရှိတဲ့ အင်းလျားလိတ်ဟိုတယ်နဲ့ ဆီဒိုးနားဟိုတယ်တွေမှာ နှစ်သိန်းမပြည့်တဲ့ မြန်မာငွေနဲ့ တည်းခိုနေထိုင်နိုင်ဖို့ အထူးလျှော့ဈေးတွေနဲ့ ကြေညာထားပါတယ်။
စိမ်းစိုသာယာလှတဲ့ ကန်ရေပြင်ဘေး ခြံဝန်းကျယ်ကြီးထဲက သဘာဝအလှတရားတွေကြောင့် နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးလာရောက်တည်းခိုနေထိုင်လေ့ရှိတဲ့ အင်းလျားလိတ်ဟိုတယ်ရဲ့ နွေရာသီ ပရိုမိုးရှင်းတွေက –
သင်္ကြန်ပိတ်ရုံးပိတ်ရက် ဘူဖေးညစာ သုံးဆောင်ဖို့အတွက် တစ်ဦးကို ၃၅၀၀၀ ကျပ်သာ ကျသင့်မယ့် 𝐈𝐧𝐲𝐚 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐁𝐮𝐟𝐟𝐞𝐭 𝐃𝐢𝐧𝐧𝐞𝐫 ၊
Weekday မှာ ၅၅,၀၀၀ ကျပ်တည်းနဲ့ အင်းယားလိတ်ဟိုတယ်ရဲ့ High Tea စားရင်း FREE ရေကူးအပန်းဖြေလို့ရတဲ့ အစီအစဉ် ၊
သင်္ကြန်ပိတ်ရက် ဧပြီ (၁၇) ရက်နေ့ကနေ (၂၁)ရက်နေ့အတွင်း Staycation ဖို့အတွက် Flash Sale နဲ့ကြိုဝယ်ထားမယ်ဆိုရင် လူနှစ်ဦးစာ မနက်စာအပါအဝင်ကို တစ်ညကို ၈၄,၀၀၀ ကျပ်ပဲ ကျသင့်မယ့် ဝန်ဆောင်မှုတွေကို ကြေညာထားသည်။