ဒီညနေ ကန်မယ့် ပဲလေ့စ် – မန်စီးတီး ပွဲစဉ်မှာ ဘယ်နှဂိုးပြတ်မလဲ ဘီဘီစီ ဆရာကြီး ခရစ်ဆက်တန် သုံးသပ် ခန့်မှန်း

မန်စီးတီးအသင်းဟာ ဒီစနေ ညနေခင်း မြန်မာစံတော်ချိန် ၆ နာရီ အချိန်မှာပဲ ပရီးမီးယားလိဂ် ပွဲ အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရတော့မှာပါ။
ပရီးမီးယားလိဂ် အတွက် အမှတ် ရသလောက် ယူရမယ့် အချိန်မှာ စီးတီးတို့ ခြေလှမ်း မှန်မှန်ပဲ ဆက်သွားနိုင်မလား စောင့်ကြည့် အားပေးကြရဦးမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်ကတော့ ဒီည ပဲလေ့စ် – စီးတီး ပွဲ အတွက် ကြိုတင် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။
ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
ကုန်ခဲ့တဲ့နှစ်တွေအတွင်း ပဲလေစ့်အိမ်ကွင်းမှာ မန်စီးတီးတို့ ခက်ခဲစွာ ရုန်းကန်ထားရတာမျိုး ရှိပါတယ်။ ၂၀၂၂ တုန်းက ဝ-၀ ဖြစ်ခဲ့သလို မနှစ်ကလည်း ဟာလန်းရဲ့ နောက်ကျ ပင်နယ်တီကြောင့် အနိုင်ရခဲ့တာပါ။
အဲ့တုန်းကတော့ ပဲလေစ့်နည်းပြက ရွိုင်ဟော့ဆန်ဖြစ်ပါတယ်။ လက်ရှိနည်းပြ အိုလီဗာက သူ့ကစားသမားတွေကို တက်ကြွတဲ့ ကစားပုံနဲ့ ဂိုးတွေ သွင်းယူစေမယ်ဆိုရင် ဒီပွဲက စီးတီးအကြိုက်ဖြစ်သွားမှာပါ။
အက်စတွန်ဗီလာပွဲမှာ စီးတီးက ဟာလန်း၊ ဒီဘရိုင်းတို့ကို အနားပေးထားခဲ့တယ်။ ဒီပွဲမှာ သူတို့ ၂ ဦးလုံး ပါဝင်လာပြီး ပဲလေစ့်ကို ဒုက္ခပေးသင့်ပါတယ်။ သူတို့ မပါရင်တောင် စီးတီးက နိုင်သွားဦးမယ်လို့ ထင်ပါတယ်။
ဆက်တန်ရဲ့ ခန့်မှန်းရလဒ်
ခရစ္စတယ်ပဲလေ့စ် ဝ-၂ မန်စီးတီး