သင်္ကြန်အကြို ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့မှာ မိုးရွာမည်

ဒီရက်ပိုင်းတွေအတွင်း အရှေ့တောင်အာရှ နိုင်ငံတွေ အာလုံးနီးပါးမှာ အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားပါပြီ။ 6/7/8 သုံးရက်ကတော့ အပူဆုံးဖစ်မယ်လို့လည်း ခန့်မှန်းထားကြတယ်။

အပူချိန် 35°C – 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1 အဆင့်ဖြစ်ပြီး 37°C ကနေ 40°C ထိ ပိုတိုးလာရင် Level 2 danger အဆင့်ဖြစ်ပါတယ်။

သတင်းကောင်းကတော့ အပူလှိုင်းဖြတ်ပြီးခဲ့ရင် ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် အချို့မှာ သင်္ကြန်ကြို မိုးတွေရွာမယ်လို့ မိုးလေဝသ လေ့လာသုံးသပ်သူ စုစုစံကပြောပါတယ်။

စုစုစံက ” ဧပြီလ ၁၀ရက်နေ့နှင့် ၁၁ရက်နေ့တွေမှာ တနင်္သာရီတိုင်း မြောက်ပိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာ သင်္ကြန်ကြိုမိုးတွေ ရွာနိုင်ပါတယ်” လို့ ပြောပါတယ်။